၂၀၂၁၊ ဖေဖော်ဝါရီ ၃
အင်ဒိုနီးရှား
အင်ဒိုနီးရှားက ဆိုးဝါးတဲ့ ရေကြီးမှု
နေရာ
ကာလီမင်တန် တောင်ပိုင်း၊ ဆူလာဝေဆီ မြောက်ပိုင်း၊ မိုလူကာစ် မြောက်ပိုင်း
ဘေးအန္တရာယ်
၂၀၂၁၊ ဇန်နဝါရီလလယ်လောက်မှာ ဆိုးဝါးတဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် ပျက်စီးမှုတွေ များခဲ့ပြီး လူများစွာ ပြောင်းရွှေ့ခဲ့ကြရတယ်
ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ
ကြေညာသူ အယောက် ၉၀ လောက် ယာယီ ပြောင်းရွှေ့ခဲ့ရတယ်
ပစ္စည်းဥစ္စာ ဆုံးရှုံးမှု
အိမ် ၃ လုံး အနည်းငယ် ပျက်စီးတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှု
အသင်းတော် အကြီးအကဲတွေက ကြေညာသူတွေကို အမြန် ပြောင်းရွှေ့ဖို့ ကူညီပေးကြတယ်။ ယာယီနေစရာ၊ အစားအစာနဲ့ တခြားလိုအပ်ရာတွေကိုလည်း စီစဉ်ပေးကြတယ်
ဒေသခံ အသင်းတော် ကြေညာသူတွေကလည်း ပျက်စီးသွားတဲ့ အိမ်တွေကို သန့်ရှင်းရေး၊ ပြုပြင်ရေး ဝိုင်းကူညီပေးကြတယ်
တိုက်နယ် ကြီးကြပ်မှူးတွေက ဘေးသင့် ကြေညာသူတွေကို ကျမ်းစာ သုံးပြီး နှစ်သိမ့်ပေးကြတယ်
ကယ်ဆယ်ရေး လုပ်ငန်းအားလုံးကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်
“ဒုက္ခရောက်ချိန်မှာ” ကူညီပေးတဲ့ ညီအစ်ကို အသင်းအပင်းကို ပေးထားလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။—ပညာအလိမ္မာ ၁၇:၁၇။