မာတိကာဆီ ကျော်သွား

မတ် ၂၈၊ ၂၀၁၉
အင်ဒိုနီးရှား

အင်ဒိုနီးရှားမှာ ရုတ်တရက် ရေကြီး

အင်ဒိုနီးရှားမှာ ရုတ်တရက် ရေကြီး

အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာခရိုင် အရှေ့ပိုင်းမှာ ၂၀၁၉၊ မတ် ၁၆ ရက်နေ့တုန်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါတယ်။ မိုးရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးကာ အိမ်အတော်များများ ပျက်စီးသွားပါတယ်။

ဘေးသင့်ဒေသဖြစ်တဲ့ ပါပူအာခရိုင်၊ စန်တာနီမြို့မှာ ညီအစ်ကို/မများစွာ နေထိုင်ကြကြောင်း အင်ဒိုနီးရှား ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ဝမ်းနည်းစရာက ရေကြီးမှုကြောင့် နေအိမ်နဲ့အတူ ညီအစ်ကိုတစ်ယောက် မျောပါသေဆုံးသွားတယ်။ ယေဟောဝါသက်သေ မိသားစုတွေရဲ့ နေအိမ်သုံးလုံး ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။ ကြေညာသူ ၄၀ ကျော် ပြောင်းရွှေ့ခဲ့ရပြီး အများစုက ဒေသခံ ယေဟောဝါသက်သေတွေနဲ့ နေထိုင်ကြတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ စီစဉ်ဆောင်ရွက်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းထားပါတယ်။ အဲဒီဒေသက တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ ဌာနခွဲကိုယ်စားလှယ်တွေက ဘေးသင့်ဒေသကို လည်ပတ်ပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေးကြပါတယ်။ လိုအပ်နေတဲ့ ကယ်ဆယ်ရေး အကူအညီတွေကိုလည်း စစ်ဆေးသွားပါတယ်။

ဘေးသင့်ဒေသက ညီအစ်ကို/မအားလုံးအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။ အနာဂတ်မှာ ယေဟောဝါဘုရားက ‘သေမင်းကို ထာဝစဉ် ဖယ်ရှား’ ပြီး “လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေး” တော့မယ့်အချိန်ကို ကျွန်တော်တို့ မျှော်လင့်စောင့်စားနေကြပါတယ်။—ဟေရှာယ ၂၅:၈