၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်
အစ္စရေး
အစ္စရေးနဲ့ ဂါဇာမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွား
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အကြမ်းဖက်မှု၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြတယ်။ အစီရင်ခံစာတွေအရ သေဆုံးသူပေါင်း ၄,၂၀၀ လောက် ရှိပြီ။
ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ
ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးတာ၊ ဒဏ်ရာရတာ မရှိ
ကြေညာသူ ၉၃ ယောက် နေရပ်စွန့်ခွာထွက်ပြေး
အိမ် ၃ လုံး အနည်းငယ် ပျက်စီး
ဝတ်ပြုရာခန်းမတစ်လုံးမှ ပျက်စီးခြင်းမရှိ
ကယ်ဆယ်ရေး လုပ်ငန်း
တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ နယ်ခံအကြီးအကဲတွေက စစ်ဘေးသင့်သူတွေကို ကျမ်းစာနဲ့အားပေးပြီး လက်တွေ့ကျကျ ကူညီပေးနေ
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း
ဘေးသင့်ဒေသက ညီအစ်ကို/မတွေက အစည်းအဝေးတွေကို ဗီဒီယိုနဲ့ချိတ်ဆက် တက်ရောက်ပြီး ယေဟောဝါကို အတတ်နိုင်ဆုံး ဝတ်ပြုနေကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် ဒီလိုပြောတယ်– “မနက်ဖြန် ဘာဖြစ်လာမလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ဒီလိုခက်ခဲချိန်မှာ ညီအစ်ကို/မတွေရဲ့ ခိုင်မာတဲ့ယုံကြည်ခြင်း၊ ကိုယ်ကျိုးစွန့်မေတ္တာကို တွေ့ရတာ အားရှိစရာပဲ။”
“မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေ” မယ်ဆိုတဲ့ ကျမ်းစာကတိတော် မကြာခင် ပြည့်စုံမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဆာလံ ၄၆:၉။