မာတိကာဆီ ကျော်သွား

မေ ၂၁၊ ၂၀၂၁
အစ္စရေး

အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ တိုက်ပွဲဖြစ်

အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေမှာ တိုက်ပွဲဖြစ်

နေရာ

အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေများ

ဘေးအန္တရာယ်

  • ၂၀၂၁၊ မေ ၁၀ မှာ အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေမှာ တိုက်ပွဲ ဖြစ်ပြီး လူအတော်များများ သေဆုံးသွား

    အစိုးရရဲ့ အချက်ပေးမြည်သံ ကြားပြီး လုံခြုံတဲ့နေရာမှာ အထူးရှေ့ဆောင် မောင်နှံစုံ ပုန်းခိုနေ

  • ဂျူးကော အာရပ်တွေပါ နေထိုင်တဲ့ အစ္စရေးမြို့က အိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးကုန်

ညီအစ်ကို ညီအစ်မတွေ ထိခိုက်မှု

  • အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေအတွင်း ကြေညာသူ ၂,၀၀၀ ကျော်ထဲက ဘယ်သူမှ ထိခိုက်မှု မရှိ

  • ဗေသလအိမ်သား မဟုတ်တဲ့ အထူးအချိန်ပြည့် ၁၅ ယောက် အပါအဝင် ကြေညာသူ ၇၃ ယောက်ဟာ နေအိမ်တွေ စွန့်ခွာခဲ့ရ။ ဗေသလအိမ်သား ၁၃ ယောက်ဟာ ဗုံးခိုကျင်း ရှိတဲ့ နေအိမ်တွေမှာ ခေတ္တနေခဲ့ရ

ပစ္စည်းဥစ္စာ ဆုံးရှုံးမှု

  • အိမ် ၆ လုံး အနည်းငယ် ပျက်စီးခဲ့

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက တိုက်နယ်ကြီးကြပ်မှူး၊ ဒေသခံ အကြီးအကဲတွေနဲ့အတူ ညှိနှိုင်းပြီး လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ကြတယ်

  • တိုက်နယ်ကြီးကြပ်မှူးတွေကလည်း အကြီးအကဲတွေနဲ့အတူ ကြေညာသူတွေကို ကျမ်းစာကနေ နှစ်သိမ့်ပေးကြတယ်

  • ဒီကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်

အသင်းတော် အစည်းအဝေးတွေကို ဗီဒီယို ခေါ်ဆိုမှုနဲ့ လက်ရှိ လုပ်ဆောင်နေကြလို့ အခက်အခဲတော့ မရှိပါဘူး။ မေ ၁၅ ရက်မှာ ညီအစ်ကို၊ ညီအစ်မတွေဟာ တိုက်နယ်စည်းဝေးပွဲကို JW Stream–Studio ကတစ်ဆင့် တက်ရောက်နိုင်ခဲ့ကြတယ်။ နေ့လယ်ပိုင်း အစီအစဉ်အတွင်းမှာတော့ အစိုးရဘက်က အချက်ပေးမြည်သံတွေကြောင့် သုံးခါ ပြတ်တောက်သွားခဲ့တယ်။ ဒီအချက်ပေးသံက ညီအစ်ကို၊ ညီအစ်မတွေ လှေကားအောက်၊ ဗုံးခိုကျင်းတွေမှာ ခေတ္တ ပြေးပုန်းဖို့ အချိန်ရစေတယ်။ တိုက်ပွဲဖြစ်နေတဲ့ကြားက ကြေညာသူ ၈၀၄ ယောက်ဟာ ဟီဘရူးစကားနဲ့ တိုက်နယ်စည်းဝေးပွဲကို၊ အဲဒီအပြင် ကြေညာသူ ၂၉၇ ယောက်ဟာ တဂါးလော့ စကားနဲ့ တိုက်နယ်စည်းဝေးပွဲကို ချိတ်ဆက် တက်ရောက်နိုင်ခဲ့ကြတယ်။ မေလ ၂၂ ရက်မှာ အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေက အာရဗီ စကားပြော အသင်းတော် ငါးခုဟာ သူတို့ရဲ့ တိုက်နယ်စည်းဝေးပွဲကို ချိတ်ဆက် တက်ရောက်ခဲ့ကြတယ်။

ညီအစ်ကို၊ ညီအစ်မတွေဟာ ဒီခက်ခဲတဲ့ အခြေအနေကို ကြုံနေကြရပေမဲ့ ယေဟောဝါကို ဆက်ကိုးစားပြီး ခိုလှုံနေကြပါတယ်။—ဆာလံ ၉၁:၁၊ ၂၊