မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၂၊ ၂၀၁၈
အဇာဘိုင်ဂျန်

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ယေဟောဝါသက်သေများကို ဘာသာရေး အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြု

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့မှာ ယေဟောဝါသက်သေများကို ဘာသာရေး အဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ်ပြု

ဘာသာရေး အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အဇာဘိုင်ဂျန် နိုင်ငံတော်ကော်မတီက ၂၀၁၈၊ နိုဝင်ဘာ ၈ ရက်နေ့မှာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့တော်မှာ ယေဟောဝါသက်သေတွေကို တရားဝင် မှတ်ပုံတင်ပေးလိုက်တယ်။ မြို့တော်မှာ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်၊ ဟောပြောဖို့ တရားဝင်ခွင့်ပြုချက် ရသွားပြီဖြစ်လို့ ညီအစ်ကိုတွေ ဝမ်းသာကြပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် နိုင်ငံအတွင်း တခြားဒေသက ယေဟောဝါသက်သေတွေလည်း တရားဝင် မှတ်ပုံတင်ရအောင် အကူအညီ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ ဘာကူမြို့မှာ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးကို အစိုးရအရာရှိတွေ တရားဝင် ခွင့်ပြုပေးမှုအတွက် ယေဟောဝါကို ကျေးဇူးတင်ကြပါတယ်။—ဖိလိပ္ပိ ၁:၇