မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၄၊ ၂၀၁၈
အဇာဘိုင်ဂျန်

စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် အဇာဘိုင်ဂျန်က ညီအစ်ကိုတစ်ဦးကို ပြစ်ဒဏ်စီရင်

စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် အဇာဘိုင်ဂျန်က ညီအစ်ကိုတစ်ဦးကို ပြစ်ဒဏ်စီရင်

အဇာဘိုင်ဂျန်နိုင်ငံ ဘာဒါ ခရိုင်တရားရုံးက ညီအစ်ကို အဲမီလ် မေဒိုင်ယေ့ကို ၂၀၁၈၊ ဇူလိုင် ၆ ရက်နေ့မှာ စည်းကမ်းချက်နဲ့ ပြစ်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ အသက် ၁၈ နှစ်အရွယ် အဲမီလ်ကို စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ တရားရုံးက ပြစ်ဒဏ် ချခဲ့ပေမဲ့ ထောင်တော့ မချဘူး။ ဒါပေမဲ့ အာဏာပိုင်တွေကို အကြောင်းမကြားဘဲ နေရပ်လိပ်စာ ပြောင်းလဲလို့ မရဘူး။ အဇာဘိုင်ဂျန်နိုင်ငံကနေ ထွက်ခွာခွင့်လည်း မရှိဘူး။

ဘာဒါခရိုင် စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းစာရင်းရုံးက ညီအစ်ကို မေဒိုင်ယေ့ကို ၂၀၁၇၊ ဒီဇင်ဘာလမှာ ဆင့်ခေါ်ခဲ့တယ်။ သူ့ရဲ့ဘာသာရေး ခံယူချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တယ်။ ဆင့်ခေါ်ခံရချိန်မှာ သူ့ရဲ့ ယုံကြည်ချက်ကို ရှင်းပြပြီး စစ်မှုမထမ်းဘဲ အရပ်ဘက်လုပ်ငန်း လုပ်ဆောင်ခွင့် ပေးဖို့ တောင်းဆိုခဲ့တယ်။ အရပ်ဘက်လုပ်ငန်း မရှိသေးကြောင်း၊ ဒီအမှုကို ဘာဒါခရိုင် ရှေ့နေရုံးကို ပို့ပေးမှာ မဟုတ်ကြောင်း ပြောကြတယ်။

အမှုကို အကြိမ်ကြိမ် ကြားနာပြီးတဲ့နောက် ဘာဒါ ခရိုင်တရားရုံးက အပြစ်ရှိကြောင်း စီရင်ပြီး စည်းကမ်းချက်နဲ့ ပြစ်ဒဏ် ချမှတ်ခဲ့တယ်။ တရားရုံးက ထောင်ဒဏ် မချမှတ်ပေမဲ့ အဲမီလ်ဟာ ရာဇဝတ်သားအဖြစ် သတ်မှတ်ခံရလို့ ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတယ်။ အဇာဘိုင်ဂျန်အစိုးရဟာ အရပ်ဘက်လုပ်ငန်း စီစဉ်ပေးမယ်လို့ ကတိပေးခဲ့တာ ကြာပြီဖြစ်ပေမဲ့ အကောင်အထည် မဖော်ပေးသေးတဲ့အတွက်ပါပဲ။

ညီအစ်ကို မေဒိုင်ယေ့ဟာ အခက်အခဲကြားမှာ ကြားနေမှုကို ဆက်ထိန်းသိမ်းထားတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကြပါတယ်။—၁ ပေတရု ၂:၁၉