မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၂၀၊ ၂၀၁၉
အမေရိကန်

ကယ်လီဖိုးနီးယားပြည် ကျေးလက်ဒေသမှာ တောမီးလောင်

ကယ်လီဖိုးနီးယားပြည် ကျေးလက်ဒေသမှာ တောမီးလောင်

မကြာသေးခင် လအနည်းငယ်တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးတွေ လောင်ကျွမ်းခဲ့လို့ စတုရန်း ကီလိုမီတာ ၃၆၂ (စတုရန်းမိုင် ၁၄၀) အကျယ်ရှိတဲ့ နေရာဟာ အကြီးအကျယ် ပျက်စီးခဲ့တယ်။

အမေရိကန်ဌာနခွဲ ပေးပို့တဲ့ သတင်းအရ တောမီးတွေကြောင့် ညီအစ်ကို၊ ညီအစ်မ ၁,၇၀၀ ကျော်ဟာ အိမ်ပြောင်းရွှေ့ကြရပေမဲ့ ဒဏ်ရာရသေဆုံးသူ တစ်ယောက်မှတော့ မရှိဘူး။ ၂၀၁၉၊ အောက်တိုဘာ ၁၀ ရက်နေ့၊ ကယ်လီမက်ဆာမြို့မှာ စတင်ခဲ့တဲ့ ဆန်ဒယ်ဝတ်တောမီးကြောင့် ညီအစ်ကိုတစ်ယောက်ရဲ့ အိမ် လုံးလုံးပျက်စီးသွားတယ်။ အိမ်တချို့ကတော့ မီးခိုးမှိုင်းတိုက်ခံခဲ့ရတယ်။ အရေးပေါ်ပြောင်းရွှေ့သွားသူ အားလုံးနီးပါး အိမ်ပြန်လာနိုင်ခဲ့ပြီ။

မီးဘေးသင့်ခဲ့တဲ့ နေရာတစ်ခုက အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်- “ဒီကိစ္စနဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို အရေးတကြီးသဘောထားနဲ့ နာခံဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေက အန္တရာယ်ရှိဇုန်ကနေ ချက်ချင်း ထွက်ပြေးခဲ့လို့ မီးသတ်သမားတွေက လူတွေကို လိုက်ရှာစရာမလိုဘဲ မီးသတ်ဖို့ပဲ အာရုံစိုက်နိုင်ခဲ့တယ်။”

ဘေးလွတ်ရာထွက်ပြေးခဲ့သူတွေအတွက် တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက ကယ်ဆယ်ရေးပစ္စည်းတွေ စီစဉ်ပေးတယ်။ အနီးတစ်ဝိုက်ဒေသက ကြေညာသူတွေ ပြခဲ့တဲ့ မေတ္တာနဲ့ ဧည့်ဝတ်ကျေပွန်မှုဟာ ချီးကျူးထိုက်တယ်။ ခရစ်ယာန်မေတ္တာပြကြလွန်းလို့ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် ဒီလိုတောင် ပြောခဲ့တယ်- “ထွက်ပြေးလာသူတွေအတွက် နေစရာအိမ် ရှာပေးဖို့ ဘာအခက်အခဲမှ မတွေ့ခဲ့ဘူး။”

တောမီးဘေးသင့်တဲ့ ညီအစ်ကို၊ ညီအစ်မတွေကို “အားပေးထောက်မ” ပေးတဲ့ ယုံကြည်သူချင်းတွေအတွက် ယေဟောဝါကို ကျေးဇူးတင်ကြတယ်။—ကောလောသဲ ၄:၁၁