မာတိကာဆီ ကျော်သွား

ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အက်ကွဲကြောင်း

ဇူလိုင် ၁၅၊ ၂၀၁၉
အမေရိကန်

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ငလျင်လှုပ်

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ငလျင်လှုပ်

ကယ်လီဖိုးနီးယားတောင်ပိုင်း၊ မိုဟာဗီ ကန္တာရဒေသမှာ ၂၀၁၉၊ ဇူလိုင် ၄ ရက်နေ့တုန်းက အင်အားပြင်းငလျင် လှုပ်ခတ်သွားပြီး နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်ခဲ့တယ်။ လှုပ်သွားတဲ့ ငလျင်တစ်ခုဟာ ပြင်းအား ၇.၁ ရှိတဲ့အတွက် အနှစ် ၂၀ အတွင်း အဲဒီဒေသမှာ လှုပ်ခဲ့တဲ့ ငလျင်တွေထဲက အားအပြင်းဆုံးအဖြစ် သတ်မှတ်ကြတယ်။

ငလျင်လှုပ်သွားတဲ့ နေရာနားက ရစ်ခရက်စ်မြို့မှာ ကြေညာသူ ၂၁၅ ယောက် နေထိုင်တယ်။ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ကြေညာသူ သုံးယောက် အနည်းငယ် ထိခိုက်ဒဏ်ရာ ရသွားတယ်။ ကနဦးသတင်းတွေအရ ကြေညာသူ ခုနစ်ယောက် နေအိမ်ကနေ ရွှေ့ပြောင်းကြရတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ၇ လုံး ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်။ အိမ် ၃၅ လုံးကတော့ ပျက်စီးမှု အနည်းငယ် ရှိတယ်။ ဝတ်ပြုရာခန်းမ နှစ်လုံးလည်း အနည်းငယ် ပျက်စီးသွားတယ်။

ဘေးသင့်ဒေသမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုက်နယ်ကြီးကြပ်မှူးနှစ်ယောက် ဦးစီးလုပ်ဆောင်နေကြတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေဟာ ငလျင်ဘေးဒဏ်သင့်တဲ့ ညီအစ်ကို၊ ညီအစ်မတွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ကြတယ်။

ဒီလိုမျိုး သဘာဝဘေးတွေကို ကျွန်တော်တို့ရဲ့ ဝတ်ပြုသူချင်းတွေ ရင်ဆိုင်ဖြေရှင်းတဲ့အခါ လိုအပ်တဲ့ ဉာဏ်ပညာကို ယေဟောဝါ ပေးသနားဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ပညာအလိမ္မာ ၂:၆-၈