သြဂုတ် ၁၆၊ ၂၀၂၁
အမေရိကန်
ကယ်လီဖိုးနီးယား တောမီး ဆက်လောင်ကျွမ်းနေပြီး အပျက်အစီး များပြား
နေရာအနှံ့ တောမီးလောင်မှုကြောင့် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ အပျက်အစီး များပြားခဲ့တယ်။ ဒစ်ဆီ (Dixie) တောမီးက အကြီးဆုံး ဖြစ်ပြီး ၄၆၃,၄၇၆ ဧက လောင်ကျွမ်းခဲ့တယ်။ လောလောဆယ် ကယ်လီဖိုးနီးယားသမိုင်းမှာ ဒုတိယ အကြီးဆုံး တောမီးပါပဲ။
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ကြေညာသူ ၄၁၅ ယောက် နေအိမ်ကို စွန့်ခွာရတယ်
အိမ် ၁၇ လုံး ပျက်စီးတယ်
အိမ် ၂ လုံး ဆိုးဆိုးဝါးဝါး ပျက်စီးတယ်
ကယ်ဆယ်ရေး လုပ်ဆောင်မှု
မီးသင့်ဒေသက တိုက်နယ်ကြီးကြပ်မှူးတွေဟာ ကျမ်းစာနဲ့ အားပေးဖို့၊ လက်တွေ့ကျ အကူအညီတွေ ပေးဖို့ အသင်းတော် အကြီးအကဲတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြတယ်။ အိုးအိမ် စွန့်ခွာရသူတွေအတွက် ယာယီ နေထိုင်ဖို့လည်း စီစဉ်ပေးနေကြတယ်
ကယ်ဆယ်ရေးမှာ ကူညီပေးနေသူအားလုံး ကိုဗစ်-၁၉ ဘေးကင်းရေး ညွှန်ကြားချက်တွေကို လိုက်နာနေကြတယ်
အခက်အခဲ ရင်ဆိုင်နေရချိန်မှာတောင် ယေဟောဝါရဲ့ လူမျိုးတွေဟာ မိတ်ဆွေစစ်တွေ ဖြစ်ကြောင်း ပြသကြတယ်။ အချင်းချင်း ကူညီဖို့ အသင့်ရှိကြတယ်။—ပညာအလိမ္မာ ၁၇:၁၇။