မာတိကာဆီ ကျော်သွား

ဩဂုတ် ၇၊ ၂၀၁၈
အမေရိကန်

ကယ်လီဖိုးနီးယား၊ ရက်ဒင်းဒေသမှာ ခါးတောမီး ဆက်လောင်ကျွမ်းနေ

ကယ်လီဖိုးနီးယား၊ ရက်ဒင်းဒေသမှာ ခါးတောမီး ဆက်လောင်ကျွမ်းနေ

ဇူလိုင် ၂၃၊ ၂၀၁၈ ကတည်းက လောင်ကျွမ်းနေတဲ့ ဧရာမတောမီးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ရက်ဒင်းဒေသအနီးမှာ ဆက်လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။ တောမီးကြောင့် လူရှစ်ဦး သေဆုံးခဲ့ပါတယ်။ ဧက ၁၁၀,၀၀၀ ကျော် ဝါးမျိုလောင်ကျွမ်းကာ အဆောက်အဦ ၁,၃၀၀ ကျော် ပျက်စီးခဲ့တယ်။

မီးဘေးသင့်ဒေသမှာ နေထိုင်တဲ့ ကြေညာသူတွေ ကြီးကြီးမားမား ထိခိုက်ခြင်း မရှိကြပါဘူး။ မီးတောက်ကို ထိန်းချုပ်ဟန့်တားမယ့် မီးသတ်သမားတွေကို ကူညီဖို့ ညီအစ်ကိုတစ်ယောက် မြေထိုးစက် မောင်းနှင်နေစဉ် မီးဟပ်ခဲ့ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ညီအစ်ကို/မ စုစုပေါင်း ၄၅၄ ယောက်ဟာ နေရာပြောင်းရွှေ့ကာ ဆွေမျိုးတွေ၊ တခြားကြေညာသူတွေအိမ်မှာ ခေတ္တ နေထိုင်နေကြပါတယ်။ သက်သေခံမိသားစု အိမ် ၁၂ လုံး လောင်ကျွမ်းသွားပါတယ်။

ကြေညာသူအားလုံး စာရင်းရထားပြီးပါပြီ။ ဒီလိုဒုက္ခရောက်နေချိန်အတွင်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ဘုရားရေးရာနဲ့ ရုပ်ပစ္စည်း အကူအညီပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံအကြီးအကဲတွေ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။—ပညာအလိမ္မာ ၁၇:၁၇