မာတိကာဆီ ကျော်သွား

၁၉၂၂၊ စက်တင်ဘာ ၁၀၊ အမေရိကန်၊ အိုဟိုင်အို၊ စီဒါပွိုင့် သမိုင်းဝင် အစည်းအဝေးကြီးမှာ ညီအစ်ကို ဂျိုးဇက် ရပ်သဖော့ဒ် ဟောပြောချက် ပေးနေ။ ပုံအသေး– အစည်းအဝေးကြီး အစီအစဉ်တချို့ ရိုက်ကူးဖို့ ကင်မရာ တပ်ဆင်ထား။

၂၀၂၂၊ ဧပြီ ၁၁
အမေရိကန်

ပြတိုက်မှ

စီဒါပွိုင့် အစည်းအဝေးကြီး ရုပ်ရှင်ကို ရှာဖွေနေ

စီဒါပွိုင့် အစည်းအဝေးကြီး ရုပ်ရှင်ကို ရှာဖွေနေ

စီဒါပွိုင့် အစည်းအဝေးကြီး ရုပ်ရှင်အကြောင်း သတင်းစာ ကြော်ငြာ

၁၉၂၂၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့ အစည်းအဝေးကြီးကို ထူးခြားတဲ့ အစည်းအဝေးအဖြစ် ယေဟောဝါသက်သေတွေ သိထားကြတယ်။ နိုင်ငံတော်အကြောင်း ကြေညာဖို့ အားလုံးကို ညီအစ်ကို ဂျိုးဇက် ရပ်သဖော့ဒ် အားပေးခဲ့လို့ပဲ။

ဒါပေမဲ့ ဒီအစည်းအဝေးကြီး ထူးခြားတဲ့ နောက်အကြောင်း တစ်ခု ရှိသေးတယ်။ အစည်းအဝေးကို ရိုက်ကူးခဲ့လို့ပဲ။ အခုထိ အဲဒီတိပ်ခွေ တစ်ခုမှ မတွေ့သေးဘူး။

အဲဒီအစည်းအဝေးကြီး ဓာတ်ပုံတစ်ခုအရ သမိုင်းဝင် အစီအစဉ်တချို့ကို ရိုက်ကူးဖို့ စင်တစ်ခုပေါ် ဗီဒီယိုကင်မရာ တပ်ဆင်ထားတယ်။ အဲဒီတုန်းက ဗီဒီယိုကင်မရာတွေဆိုတာ နည်းပညာ အသစ်အဆန်းပေါ့။

ဒီအစည်းအဝေးကြီး ရုပ်ရှင်ကို လူအတော်များများ ကြည့်ခဲ့ပုံရတယ်။ ဥပမာ၊ သတင်းစာတစ်စောင်မှာ ဒီရုပ်ရှင်အကြောင်း ကြေညာထားတယ်။ “အစည်းအဝေးကြီးကို အိမ်မှာ ကြည့်နိုင်ပြီ။ မိတ်ဆွေတွေကို ရှာကြည့်ပါ။ နှစ်ခြင်း အစီအစဉ်ကိုလည်း ကြည့်ကြည့်ပါ” လို့ ဖိတ်ခေါ်ထားတယ်။ “အိမ်နီးချင်းတွေကို ဖိတ်ပြီး အစည်းအဝေးကြီး ရုပ်ရှင် ပြပါ။ အခုပဲ မှာယူလိုက်ပါ” ဆိုပြီးတော့လည်း ဟောပြောနည်းတောင် ပေးထားသေးတယ်။

အဲဒီရုပ်ရှင်အခွေ ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး MuseumDonations@jw.org ကတစ်ဆင့် ပြတိုက်ဌာနကို ဆက်သွယ်ပါ။ ဒါမှမဟုတ် (1 Kings Drive, Tuxedo Park, NY 10987) မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ဆီ စာရေးပါ။ ယေဟောဝါသက်သေတွေအတွက် အရေးပါလှတဲ့ ဒီသမိုင်းကြောင်းအခွေကို ရှာတွေ့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။