မာတိကာဆီ ကျော်သွား

အယ်လ်ဘားမားမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးနေမှုကို တွေ့မြင်ရစဉ်

ဇန်နဝါရီ ၂၁၊ ၂၀၂၀
အမေရိကန်

ဆိုးဝါးတဲ့ရာသီဥတုနဲ့ လေဆင်နှာမောင်းတွေကြောင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ ထိခိုက်ပျက်စီး

ဆိုးဝါးတဲ့ရာသီဥတုနဲ့ လေဆင်နှာမောင်းတွေကြောင့် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်းမှာ ထိခိုက်ပျက်စီး

အယ်လ်ဘားမားပြည်နယ်၊ တက်ကာလူဆာမြို့ အနောက်ပိုင်း အသင်းတော်က ညီအစ်ကို အဲလ်ဘတ် ဘန်နက်နဲ့ သူ့ဇနီး ညီအစ်မ ဆူစန် ဘန်နက်

၂၀၂၀၊ ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ် ခံစားခဲ့ရတယ်။ နှစ်ရက်စလုံး မိုးသည်းသည်းမည်းမည်းရွာပြီး လေပြင်းတွေ၊ လေဆင်နှာမောင်းတွေ တိုက်တဲ့အတွက် ပြည်နယ်အတော်များများမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားတယ်။ ဝမ်းနည်းစရာက အသက် ၈၅ နှစ်အရွယ် ညီအစ်ကို အဲလ်ဘတ် ဘန်နက်၊ သူ့ဇနီး အသက် ၇၅ နှစ်အရွယ် ညီအစ်မ ဆူစန် ဘန်နက်တို့ဟာ သူတို့နေထိုင်တဲ့ နောက်တွဲယာဉ်အိမ်ကို လေဆင်နှာမောင်း ဝင်မွှေသွားတဲ့အတွက် သေဆုံးသွားကြတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ်လေးလုံး၊ နိုင်ငံတော်ခန်းမနှစ်လုံးလည်း အနည်းငယ် ထိခိုက်ပျက်စီးမှုရှိကြောင်း အမေရိကန်ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ဒီပြင် လေပြင်းတွေကြောင့် ညီအစ်ကိုတစ်ဦးရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အတော်လေး ပျက်စီးသွားတယ်။

ဒေသခံအကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးဟာ ဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေ လိုအပ်တဲ့ အကူအညီတွေ ပေးနေကြတယ်။ ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။ ဒီအဖြစ်ဆိုးကြောင့် ဝမ်းနည်းကြေကွဲနေကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါဘုရား နှစ်သိမ့်ပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—ဆာလံ ၃၄:၁၈