မာတိကာဆီ ကျော်သွား

တက္ကဆက်ပြည်နယ်၊ ဟာလင်ဂင်မြို့မှာရှိတဲ့ သက်သေခံမိသားစုရဲ့ ခြံအဝင်လမ်းမှာ ကားတွေ ရေမြုပ်နေစဉ်

ဇူလိုင် ၁၀၊ ၂၀၁၉
အမေရိကန်

တက္ကဆက် တောင်ပိုင်းမှာ လေပြင်းတိုက်ပြီး ရေကြီး

တက္ကဆက် တောင်ပိုင်းမှာ လေပြင်းတိုက်ပြီး ရေကြီး

၂၀၁၉၊ ဇွန် ၂၄ ရက်နေ့မှာ လေပြင်းတိုက်ပြီး ရေကြီးလို့ တက္ကဆက်တောင်ပိုင်းမှာ အပျက်အစီးတွေ ဖြစ်ခဲ့တယ်။ သတင်းအရ ထောင်နဲ့ချီတဲ့ အိမ်တွေ ရေနှစ်မြုပ်နေပြီး လူ ၁၀၀ ကျော် ပြောင်းရွှေ့ခဲ့ရတယ်။

မုန်တိုင်းကြောင့် ကြေညာသူတစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပေမဲ့ ၄၇ ယောက် ပြောင်းရွှေ့ခဲ့ရတယ်။ ညီအစ်ကို/မတွေရဲ့ နေအိမ် ၆၅ လုံးနဲ့ နိုင်ငံတော်ခန်းမနဲ့တွဲလျက် အခန်းတစ်ခန်း ထိခိုက်ပျက်စီးသွားတယ်။

တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေဟာ မုန်တိုင်းဘေးသင့်သူတွေဆီ လည်ပတ်အားပေးကြတယ်။ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီကလည်း နေစရာ စီစဉ်ပေးတာ၊ အစားအစာ၊ ရေနဲ့ အဝတ်အစားတွေ ဝေပေးတာကို ကြီးကြပ်ပေးနေတယ်။ ညီအစ်ကိုတွေဟာ ပျက်စီးသွားတဲ့ အိမ်တွေကိုရော နိုင်ငံတော်ခန်းမနဲ့ တွဲလျက်အခန်းကိုပါ သန့်ရှင်းရေးလုပ်ပေး၊ ပြုပြင်ပေးနေကြပါပြီ။

ယေဟောဝါကို ယုံကြည်ကိုးစားပြီး ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ရင်ဆိုင်ဖြေရှင်းနေကြတဲ့ တက္ကဆက်တောင်ပိုင်းက ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဆက်ပြီး ကူညီပေးသွားပါမယ်။—ဟေရှာယ ၂၆:၃၊ ၄