မာတိကာဆီ ကျော်သွား

အောက်တိုဘာ ၁၃, ၂၀၁၇
အမေရိကန်

ကနဦးသတင်း | ကယ်လီဖိုးနီးယား တောမီး

ကနဦးသတင်း | ကယ်လီဖိုးနီးယား တောမီး

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ တောမီးလောင်မှုကြောင့် မီးဘေးသင့်တဲ့ ညီအစ်ကို/မတွေအကြောင်း၊ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းအထိ အလျင်အမြန် ကူးစက်လောင်ကျွမ်းတဲ့အကြောင်း အမေရိကန်ဌာနခွဲကော်မတီက ဖော်ပြပါတယ်။

ကယ်လီဖိုးနီးယား မြောက်ပိုင်း။ အမေရိကန်ဌာနခွဲရုံးက မန်ဒိုစီနို၊ နာပါ၊ ဆိုနိုမာ ခရိုင်တွေမှာရှိတဲ့ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဆက်သွယ်တဲ့အခါ ကြေညာသူတစ်ဦး ထိခိုက်ဒဏ်ရာရတာကလွဲလို့ အားလုံးဘေးကင်းကြောင်း သတင်းပို့ပါတယ်။ ညီအစ်ကို/မ ၇၀၀ နီးပါး ဘေးလွတ်ရာ ရွှေ့ပြောင်းပြီးပေမဲ့ ၂,၀၀၀ နီးပါးလည်း ရွှေ့ပြောင်းဖို့ အဆင်သင့်ဖြစ်နေကြပါတယ်။ မီးဘေးလွတ်တဲ့ ညီအစ်ကို/မတွေက ရွှေ့ပြောင်းလာတဲ့ ညီအစ်ကို/မတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးကြပါတယ်။ နိုင်ငံတော်ခန်းမတစ်လုံး၊ နေအိမ်သုံးလုံး ပျက်စီးသွားတယ်လို့ သတင်းရထားပါတယ်။ နေအိမ် ၂၂ လုံး အကြီးအကျယ် ပျက်စီးသွားပြီး ၃၂ လုံးကတော့ အနည်းအကျဉ်း ပျက်စီးပါတယ်။ အရေးပေါ်လိုအပ်နေတဲ့ အားပေးမှုနဲ့ အကူအညီတွေ ရနိုင်အောင် တိုက်နယ်ကြီးကြပ်မှူးတွေက ဦးဆောင်ကြီးကြပ်ပေးနေပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်း။ အန်နာဟိန်းဒေသတစ်ဝိုက်မှာ သက်သေခံမိသားစု ၂၅ စု ဘေးလွတ်ရာ ရွှေ့ပြောင်းရပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ရွှေ့ပြောင်းလာသူတွေကို ညီအစ်ကို/မတွေရဲ့အိမ်မှာ နေရာထိုင်ခင်း စီစဉ်ပေးကြပါတယ်။ ညီအစ်ကို/မတွေရဲ့ အိမ်တွေ၊ နိုင်ငံတော်ခန်းမတွေ အပျက်အစီး မရှိပါဘူး။

အခုလို ဒုက္ခရောက်နေချိန်မှာ ယေဟောဝါဟာ ညီအစ်ကို/မတွေအတွက် “လုံခြုံတဲ့ခိုလှုံရာ” ဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။​—ဆာလံ ၉:​၉၊ ၁၀

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000