မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၆၊ ၂၀၁၇
အမေရိကန်

ကယ်လီဖိုးနီးယား တောမီး နောက်ဆုံးသတင်း

ကယ်လီဖိုးနီးယား တောမီး နောက်ဆုံးသတင်း

ကယ်လီဖိုးနီးယား တောမီးက နေရာအတော်များများကို ဝါးမျိုပစ်လိုက်ပါတယ်။ မီးဘေးသင့်ဒေသက ညီအစ်ကို/မတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းကို အမေရိကန်ပြည်ထောင်စု ဌာနခွဲကော်မတီက ဖော်ပြပေးလိုက်ပါတယ်။

လူအသေအပျောက် မရှိပေမဲ့ ညီအစ်ကို ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရပြီး ၁,၄၀၀ ကျော်ဟာ နေရပ်ပြောင်းခဲ့ရတယ်။ ညီအစ်ကို/မ ၂၉ ယောက်ရဲ့ အိမ်တွေ လုံးလုံး မီးလောင်ပျက်စီးသွားတယ်။ ရွှေ့ပြောင်းလာတဲ့ ညီအစ်ကို/မတွေကို အနီးနား အသင်းတော်တွေ၊ တိုက်နယ်တွေမှာ နေထိုင်တဲ့ တခြားသက်သေခံတွေက ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြတယ်။ အတော်များများကတော့ ကိုယ့်အိမ်တွေဆီ ပြန်သွားကြပါပြီ။

တောမီး ဆက်လောင်ကျွမ်းနေဆဲ ဖြစ်တဲ့အတွက် ဌာနခွဲကိုယ်စားလှယ်တွေဟာ တိုက်နယ်ကြီးကြပ်မှူး၊ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနဲ့ ဒေသခံ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေဆီ လည်ပတ်ခဲ့ကြတယ်။ အိုးအိမ်ဆုံးရှုံးသွားတဲ့ မိသားစုတွေဆီလည်း လည်ပတ်အားပေးခဲ့ကြတယ်။ မီးဘေးအသင့်ဆုံး တိုက်နယ်နှစ်ခုမှာ အထူးအစည်းအဝေးတွေ ကျင်းပပြီး မီးဘေးသင့် ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်၊ ထောက်မဖို့ အစီအစဉ်တွေ လုပ်ခဲ့ကြတယ်။

စိတ်ပျက်စရာ အခြေအနေ ကြုံနေရတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်ပြီး နှစ်သိမ့်ပေးမယ်၊ ထောက်မပေးမယ်လို့ ယုံကြည်စိတ်ချပါတယ်။​—၂ ကောရိန္သု ၁:​၃၊ ၄

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000