မာတိကာဆီ ကျော်သွား

ပက်တာစင် ဗေသလ ဧည့်ဆောင်အသစ် ဆောက်လုပ်ရေး

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂
အမေရိကန်

နယူးယောက်၊ ပက်တာစင် ဗေသလမှာ ပြုပြင်မွမ်းမံမှု၊ အသစ်ဆောက်လုပ်မှုတွေ ဆက်လုပ်ဆောင်နေ

နယူးယောက်၊ ပက်တာစင် ဗေသလမှာ ပြုပြင်မွမ်းမံမှု၊ အသစ်ဆောက်လုပ်မှုတွေ ဆက်လုပ်ဆောင်နေ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ပက်တာစင်မှာ ယေဟောဝါသက်သေတွေရဲ့ ကင်းမျှော်စင် ပညာပေးရေး စင်တာ၊ စတုရန်းမီတာ ၂,၇၈၇ (စတုရန်းပေ ၃၀,၀၀၀) ရှိတဲ့ နှစ်ထပ် ဧည့်ဆောင်အသစ် ဆောက်လုပ်မှုဟာ ၂၀၂၃၊ နွေရာသီမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ ဒီဧည့်ဆောင်ရဲ့ ပြတိုက်မှာ အတည်ပြခန်း သုံးခန်း၊ ယာယီပြခန်း တစ်ခန်း ရှိပါမယ်။ နေ့စဉ် ဧည့်သည် ၁၂၀၀ လောက် လည်ပတ်နိုင်ပါမယ်။ အဆောက်အအုံကို ပြုပြင်မွမ်းမံရေး၊ သက်တမ်းရင့် အဆောက်အအုံစနစ်ကို အသစ်ပြုပြင်ရေးတို့ ဆက်လုပ်ဆောင်နေပါတယ်။ ပြုပြင်မွမ်းမံမှု၊ အသစ်ဆောက်လုပ်မှုတွေ ၄၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။

စီမံကိန်းကို စီစဉ်တဲ့ ညီအစ်ကိုတွေက ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အခက်ကြုံခဲ့ရတယ်။ ဆောက်လုပ်ရေးပစ္စည်းတွေ ဝယ်ယူဖို့ ခက်သွားတဲ့အတွက် လုပ်ငန်း ရပ်တန့်လုမတတ် ဖြစ်သွားတယ်။ ဥပမာ၊ ဆောက်လုပ်ရေး အဓိကအပိုင်း ရောက်တော့ ဘိလပ်မြေ ပြတ်လပ်သွားချိန်မှာ ညီအစ်ကိုတွေက အချိန်မီ ကြမ်းခင်း လောင်းနိုင်အောင် ဘိလပ်မြေ ရရှိခဲ့ကြတယ်။ စတီးစျေးနှုန်း ထိုးတက်သွားပေမဲ့ ကြိုတင် စာချုပ်ချုပ်ထားတဲ့အတွက် ပုံမှန်စျေးနှုန်းနဲ့ စတီးတွေ ဝယ်နိုင်ခဲ့တယ်။

ဗေသလ အသွားအလာ ကန့်သတ်လိုက်ချိန်မှာ စေတနာ့ဝန်ထမ်းတွေဟာ ကိုယ့်အိမ်ကနေပဲ အစီအစဉ် ဆွဲတာ၊ ဒီဇိုင်းဆွဲတာတွေ ဆက်လုပ်ဆောင်ခဲ့ကြတယ်။ ကပ်ရောဂါကြောင့် ဒေသန္တရ မြို့တော်စီမံချက် ဘုတ်အဖွဲ့ကို တွေ့ဖို့ ခက်တဲ့အတွက် ဆောက်လုပ်ရေးအရှိန် နှေးသွားစေတယ်။ ဒါပေမဲ့ ဗေသလ ဌာနတွေနဲ့ ဒေသန္တရ အစိုးရ ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဆောက်လုပ်ရေး ကော်မတီဟာ စေတနာ့ဝန်ထမ်းတွေနဲ့ ဗီဒီယို ချိတ်ဆက်မှုတွေ သုံးပြီး လိုအပ်တဲ့ ခွင့်ပြုချက်တွေကို အချိန်မီ ရနိုင်ခဲ့တယ်။

ကွာရန်တင်း လမ်းညွှန်ချက်တွေကို အခါအားလျော်စွာ ပြုပြင်ပြောင်းလဲရတဲ့အတွက် လုပ်ငန်းခွင်ထဲ စေတနာ့ဝန်ထမ်းအသစ်တွေ ဖိတ်ခေါ်ဖို့ ခက်သွားလို့ အခက်ကြုံရပြန်တယ်။ ဒါပေမဲ့ ၂၀၂၀၊ စက်တင်ဘာလလောက်မှာ အချိန်ပြည့် စေတနာ့ဝန်ထမ်းအသစ်တွေကို ပြန်ဖိတ်ခေါ်နိုင်ခဲ့တယ်။

ညီအစ်မ ဂျနီဖာ ပေါလ်က ကပ်ရောဂါကာလအတွင်း အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဆောက်လုပ်ရေးနဲ့ပတ်သက်ပြီး “အလုပ်လုပ်ရတာ ကြိုက်တယ်။ အဓိကကတော့ လူတွေကို ချစ်လို့ပါ။ အဖွဲ့အစည်းကို ယေဟောဝါဘုရား လမ်းညွှန်နေတယ်လို့ ခံစားရတယ်” လို့ သူ ပြောတယ်။

လုပ်ငန်းခွင် ဝန်ထမ်း ၃၅၀ အပါအဝင် စေတနာ့ဝန်ထမ်း ၄၄၀ လောက်ဟာ ပက်တာစင် ဧည့်ဆောင် ဆောက်လုပ်ရေး/ပြုပြင်မွမ်းမံရေးမှာ ပါဝင်နေကြတယ်။ ဒီစီမံကိန်း အောင်မြင်ဖို့ လိုအပ်တာမှန်သမျှ ယေဟောဝါဘုရား ထောက်မပေးနေကြောင်း ညီအစ်ကို/မတွေ ဆက်တွေ့မြင်နေကြတယ်။—၁ ရာဇဝင်ချုပ် ၂၉:၁၆

 

ညီအစ်ကိုနှစ်ယောက် ဧည့်ဆောင်အတွက် ရေနုတ်မြောင်း တူးနေ

အဆောက်အအုံ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်တဲ့ ညီအစ်မတစ်ဦး အပူအအေးစနစ်အတွက် ဝိုင်ယာကြိုး သွယ်နေ

ညီအစ်ကိုတစ်ဦး စတီးတိုင်တွေကို ကရိန်းနဲ့ ဆွဲဖို့ ကူညီပေးနေ

ဧည့်ဆောင်အသစ်နဲ့ နောက်ခံက ပညာပေးရေး စင်တာကို အပေါ်စီးမှ မြင်ရစဉ်

ဧည့်ဆောင် ဒုတိယထပ်မှာ ဆောက်လုပ်ရေးလုပ်သား စတီးသံတိုင်တွေ ဆင်နေစဉ်

ရုံးအဆောက်အအုံအမိုးပေါ် ဆောက်လုပ်ရေးပစ္စည်းကို ကရိန်းနဲ့ ပို့နေစဉ်

ပြုံးပျော်နေတဲ့ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းများ

ဧည့်ဆောင် ဒုတိယထပ်မှာ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေ အလုပ်လုပ်နေစဉ်