မာတိကာဆီ ကျော်သွား

ဇန်နဝါရီ ၁၃၊ ၂၀၂၀
အမေရိကန်

နောက်ဆုံးသတင်း– ဒိုရီယန်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း

လေကြောင်း၊ ရေကြောင်းကနေ ကယ်ဆယ်ရေး ပစ္စည်းတွေ၊ လုပ်သားတွေ ရောက်ရှိလာ

နောက်ဆုံးသတင်း– ဒိုရီယန်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း

၂၀၁၉၊ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ တိုက်ခတ်ခဲ့တဲ့ ဒိုရီယန်မုန်တိုင်းကြောင့် ဗဟားမားကျွန်းမှာ ထိခိုက်ပျက်စီးမှု များခဲ့တယ်။ ဗဟားမားကျွန်းကို မုန်တိုင်း မဝင်ခင်ကတည်းက အမေရိကန် ဌာနခွဲရုံးကနေ ဖလော်ရီဒါပြည်နယ်မှာ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်စီစဉ်ဖွဲ့စည်းခဲ့တယ်။ ခရီးသွားဖို့ အန္တရာယ်ကင်းသွားပြီဆိုတာနဲ့ စက်လှေတွေ၊ လေယာဉ်တွေ ပိုင်ဆိုင်တဲ့ ညီအစ်ကိုတွေဟာ ကယ်ဆယ်ရေးလုပ်ငန်း စခဲ့ကြတယ်။ သူတို့တွေဟာ ကျွန်းတွေပေါ်ကို ပထမဦးဆုံး ရောက်လာတဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ဖြစ်တယ်။

မုန်တိုင်းဘေးသင့်ဒေသကို ပစ္စည်း ၁၅ တန်နဲ့ စေတနာ့ဝန်ထမ်း ၇၀၀ ကျော်ကို ပို့ပေးဖို့ ညီအစ်ကို၊ ညီအစ်မ ၁၃ ယောက်ဟာ လေယာဉ်နဲ့ အခေါက်ပေါင်း ၃၀၀ ကျော် ပျံသန်းခဲ့တယ်။ ဒီ့ပြင် ညီအစ်ကိုတွေရဲ့ စက်လှေ ၁၃ စီးနဲ့ ပစ္စည်း တန် ၉၀ နီးပါးကို ပို့ပေးခဲ့ကြတယ်။ ဖလော်ရီဒါကနေ ဗဟားမားကျွန်းကို စက်လှေနဲ့ အသွားအပြန် ပျမ်းမျှ ၁၂ နာရီ ကြာတယ်။

ဖလော်ရီဒါ ပမ်းဘိချ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မန်နေဂျာ ဟိုစေး ကပ်ရေရာ ဒီလိုပြောတယ်– “မုန်တိုင်း ဖြတ်ကျော်သွားပြီဆိုတာနဲ့ အကူအညီပေးမယ့် ပစ္စည်းအပြည့်တင်ထားတဲ့ [ယေဟောဝါသက်သေတွေရဲ့] လေယာဉ်တွေဟာ ဝေဟင်မှာ အပြည့်ပဲ။ သူတို့တွေဟာ မျှော်လင့်ထားတာထက် ပိုကူညီပေးတတ်ကြတဲ့ ထူးခြားသူတွေပါ။”

စေတနာ့ဝန်ထမ်း လေယာဉ်မှူးတစ်ဦးဖြစ်တဲ့ ညီအစ်ကို ဂလန်း ဆန်ဒါ ဒီလိုပြောတယ်– “ကျွန်တော်တို့အများစုအတွက် ဒါက ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုကို ညီအစ်ကို၊ ညီအစ်မတွေအတွက် ပထမဆုံးအကြိမ် အသုံးပြုခွင့် ရလိုက်တာပါပဲ။ ကျွန်တော်တို့ဟာ ဒုက္ခခံစားနေရတဲ့ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ကူညီခွင့်ရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းငယ်လေးတွေဆိုတဲ့ အသိက စိတ်ကျေနပ်စေတယ်။”—၁ ကောရိန္သု ၁၂:၂၆

ကယ်ဆယ်ရေးလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁,၇၅၀,၀၀၀ ခန့် ကုန်ကျမယ်၊ ၂၀၂၀၊ မေ ၁ ရက်နေ့မှာ ကယ်ဆယ်ရေးလုပ်ငန်း ပြီးစီးမယ်လို့ အမေရိကန်ဌာနခွဲက ခန့်မှန်းပါတယ်။

 

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ သင်္ဘောဆိပ်က စက်လှေပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်ထားစဉ်။ ညီအစ်ကိုတွေဟာ ဗဟားမားကျွန်းကို စက်လှေနဲ့ စုစုပေါင်း ၂၉ ခေါက် သွားခဲ့ကြရတယ်

ဂရိတ်အဘာကိုကျွန်းက ရေမြှုပ်နေတဲ့ လေဆိပ်ကို တွေ့ရစဉ်

ပျံသန်းနေစဉ် လေယာဉ်မှူးအခန်းကနေ တွေ့ရစဉ်