မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
အမေရိကန်

ဟာဗေးမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးသတင်း

ဟာဗေးမုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း နောက်ဆုံးသတင်း

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်သူတွေဟာ ၂၀၁၇၊ ဩဂုတ် ၂၅ ရက်က ကောပတ်စ် ခရစ္စတီမြို့အနီး ဟာဗေးမုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေကြပါတယ်။ မုန်တိုင်းဘေးသင့် ညီအစ်ကို/မ ထောင်ပေါင်းများစွာကို ကူညီပေးနိုင်ဖို့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီဝင် နှစ်ဦးက ဦးဆောင်ဦးရွက်ပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

တက္ကဆက်ပြည်နယ်၊ ဟျူစတန်မြို့ ကယ်ဆယ်ရေးစခန်းမှာ ညီအစ်ကိုတစ်ဦး ယေဟောဝါသက်သေတွေကို ရှာနေစဉ်။

ညီအစ်ကို/မ ၂,၃၀၀ နီးပါးရဲ့ နေအိမ်တွေကို စေတနာ့ဝန်ထမ်း ၇,၀၀၀ ကျော်က သန့်ရှင်းရေးလုပ်အားပေးကြတယ်။ ကယ်ဆယ်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းမှာ စေတနာ့ဝန်ထမ်း ၁,၀၀၀ နီးပါးက ပတ်စဉ် လုပ်အားပေးနေတယ်။ ခုချိန်ထိဆိုရင် ဝတ်ပြုစည်းဝေးခန်းမ ၄၈ လုံး ပြုပြင်ပြီးသွားပြီ။ လာမယ့်လတွေမှာ နေအိမ် ၅၄၅ လုံးကို ပြုပြင်ပါမယ်။ ဒီဧရိယာတစ်ခုတည်းမှာတင် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဒေါ်လာ ၈.၅ သန်း ကုန်ကျမှာဖြစ်ပြီး ၂၀၁၈၊ ဇွန် ၃၀ မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားတယ်။

၂၀၁၇၊ ဩဂုတ်လ အကုန်ပိုင်းကစပြီး ဌာနခွဲကော်မတီဝင် ၇ ဦးအပါအဝင် ဌာနခွဲကိုယ်စားလှယ် ၂၂ ဦးတို့ဟာ မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေဆီ လည်ပတ်ပြီး ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေသူအားလုံး ဆက်လုပ်ဆောင်နိုင်အောင် “ခွန်အားပေးပါ” လို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—နေဟမိ ၆:၉

တက္ကဆက်ပြည်နယ်၊ Aransas Passမြို့က ကယ်ဆယ်ရေးလုပ်သားတွေ။

Media Contacts:

David A. Semonian, Office of Public Information, +1-845-524-3000