မာတိကာဆီ ကျော်သွား

ဘယ်– မာဝီကျွန်း၊ ကီးဟေမြို့မှာ တောမီးလောင်နေ။ ညာ– မာဝီကျွန်း၊ လာဟိုင်နာမြို့ရဲ့ အပျက်အစီးကို အပေါ်စီးက မြင်ရပုံ

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၁ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်
အမေရိကန်

နောက်ဆုံးအချက်အလက်—အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှာ တောမီးကြောင့် ပျက်စီးဆုံးရှုံး

နောက်ဆုံးအချက်အလက်—အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီကျွန်းစုမှာ တောမီးကြောင့် ပျက်စီးဆုံးရှုံး

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၈ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးကျွန်းဖြစ်တဲ့ မာဝီကျွန်းမှာ တောမီးလောင်ခဲ့တယ်။ ဟာရီကိန်းမုန်တိုင်း လေပြင်းတွေကြောင့် ပိုဆိုးသွားတာပါ။ ဆက်သွယ်ရေးစနစ်၊ စီးပွားရေးလုပ်ငန်း၊ အိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ဒေသခံအာဏာပိုင်တွေက ပြည်သူတွေကို ဒေသတချို့ကနေ မဖြစ်မနေ ထွက်ပြေးခိုင်းတယ်။ အနည်းဆုံး လူ ၉၇ ယောက် အသက်ဆုံးပါးသွားတယ်။ ဟာဝိုင်ယီရဲ့ အကြီးဆုံးကျွန်းပေါ်မှာလည်း တောမီးတွေ ဟိုတစ်နေရာ ဒီတစ်နေရာ လောင်နေလို့ မီးသတ်သမားတွေ အသည်းအသန် ငြှိမ်းသတ်နေရတယ်။

အောက်ပါအချက်အလက်တွေကို ဒေသခံညီအစ်ကိုတွေ ကနဦးပေးပို့ထားတာပါ။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက တောမီးကြောင့် သက်ကြီးညီအစ်ကိုတစ်ယောက် သေဆုံး

  • ကြေညာသူ ၃၀၇ ယောက် နေရပ်စွန့်ခွာထွက်ပြေး

  • အိမ် ၄၂ လုံး ပျက်စီး

  • အိမ် ၂ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၃၈ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမတစ်လုံးအနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံအကြီးအကဲတွေက ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို ကူညီပေးပြီး ကျမ်းစာနဲ့ အားပေးနှစ်သိမ့်

  • ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်ဖို့ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွဲ့စည်း

နောက်ဆုံးကာလမှာ ရာသီဥတုဘေးတွေကြောင့် ညီအစ်ကို/မတွေ အပါအဝင် လူများစွာ ဒုက္ခကြုံနေရတယ်။ ဒီဒုက္ခတွေကို ဘုရားသခင့်နိုင်ငံတော် ဖယ်ရှားပေးမယ့်အချိန်ကို ကျွန်တော်တို့ မျှော်လင့်တောင့်တနေပါတယ်။—မာကု ၄:၃၉