မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၊ ၂၀၁၇
အမေရိကန်

သမိုင်းဝင် တာ​ဝါ​အဆောက်အအုံ​ကို ယေဟောဝါသက်သေတွေ အပြီး​ရောင်းလိုက်​ပါပြီ

သမိုင်းဝင် တာ​ဝါ​အဆောက်အအုံ​ကို ယေဟောဝါသက်သေတွေ အပြီး​ရောင်းလိုက်​ပါပြီ

နယူးယောက်။ ဘရွတ်ကလင်​ဟိုက်​ခရိုင်၊ ၂၁ ကလပ်​လမ်း​ရှိ ၁၆ ထပ်​မြင့်တဲ့ လူနေ​ဆောင်​ကို အောက်တိုဘာ ၃၁ မှာ ယေဟောဝါသက်သေတွေ အပြီး​ရောင်းလိုက်​ပါပြီ။ အရင်တုန်းက ဟိုတယ်​ဖြစ်ပြီး ရှေးခေတ် ရောမ​ဗိသုကာ​ပုံစံ​ဖြစ်တဲ့ ဒီ​အဆောက်အအုံ​ကို ယေဟောဝါသက်သေတွေ နှစ်ပေါင်း လေးဆယ်​ကျော် ပိုင်ဆိုင်၊ ထိန်းသိမ်း​ခဲ့​ပါတယ်။

အရင်တုန်းက လိ​ဗာ​ရ​စ်ချ် တာ​ဝါ​ဟိုတယ် ဖြစ်ပြီး ၁၉၂၈ ခုနှစ်မှာ ဖွင့်လှစ်​ခဲ့တယ်။ အဲဒီနောက် တာ​ဝါ​ဟိုတယ်​လို့ လူသိ​များ​လာပြီး “မဟာ​ဆန်​တဲ့ ဘရွတ်ကလင် ဟိုတယ်​များ” အဖြစ် ကြော်ငြာ​ခဲ့လို့ နာမည်ကြီး​သူတွေ တည်းခိုခဲ့​ကြတယ်။ ဒါပေမဲ့ ၁၉၇၀ ပြည့်လွန်​နှစ်တွေမှာ ဒီအတိုင်း​ပစ်ထား​တဲ့​အတွက် ပျက်စီး​ယိုယွင်း​လာတယ်။

ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ အမှုဆောင်​သူတွေ များ​လာတဲ့​အတွက် အဲဒီ​အဆောက်အအုံ အထပ်​တော်​တော်​များများ​ကို ငှား​ပြီး နေထိုင်ခဲ့​ကြပေမဲ့ ၁၉၇၅ ခုနှစ်မှာ အပိုင်​ဝယ်​လိုက်တယ်။ သူတို့ ပိုင်ဆိုင်​ချိန်​အတွင်း နှစ်ကြိမ် ပြန်လည်​မွမ်းမံ​ခဲ့တယ်။ ပထမ​အကြိမ်​က ၁၉၇၈ ခုနှစ်မှာ​ဖြစ်ပြီး နောက်​တစ်ကြိမ်​က ၁၉၉၈ ခုနှစ်မှာ ဖြစ်တယ်။

ယေဟောဝါသက်သေတွေရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဒေးဗစ် အေ. ဆီ​မို​နီ​ယန် ဒီလို​ပြောပါ​တယ်– “ဘရွတ်ကလင်​ဟိုက်​မှာ နေထိုင်ခဲ့​ကြ​သူတွေ​အတွက်တော့ တာ​ဝါ​အဆောက်အအုံ​ဟာ သမိုင်းဝင်​လောက်​ပဲ မဟုတ်ဘူး၊ လှပပြီး နေလို့​သိပ်​ကောင်းတဲ့​အိမ် ဖြစ်တယ်။ မကြာသေးခင်က ရောင်းလိုက်​ပြီ​ဖြစ်လို့ ကျွန်တော်တို့ရဲ့ ဘရွတ်ကလင် သမိုင်း​စာမျက်နှာ​ကို ပိတ်​လိုက်ပါ​ပြီ။”

ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့​ဌာနချုပ်​ကို ၂၀၁၆ ခုနှစ်မှာ နယူးယောက်၊ ဝေါဝစ်​ကို ပြောင်းရွှေ့​ခဲ့​ပါတယ်။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000