မာတိကာဆီ ကျော်သွား

မေ ၁၅၊ ၂၀၁၈
အမေရိကန်

ဆက်လှုပ်ရှားနေသေးတဲ့ ဟာဝိုင်ယီမီးတောင်ကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ကာ နေရပ် စွန့်ခွာကြရ

ဆက်လှုပ်ရှားနေသေးတဲ့ ဟာဝိုင်ယီမီးတောင်ကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ကာ နေရပ် စွန့်ခွာကြရ

ဟာဝိုင်ယီကျွန်း ကီလာအူယာ မီးတောင် ပေါက်ကွဲတဲ့အတွက် ၂၀၁၈၊ မေ ၃ ရက်နေ့ကစပြီး ပြည်သူ ၂,၀၀၀ နီးပါး နေရပ်စွန့်ခွာကြရတယ်။ အဆောက်အအုံ ၃၆ ခုထက်မနည်း ပျက်စီးခဲ့တယ်။

နေရပ်စွန့်ခွာသူတွေထဲမှာ ယေဟောဝါသက်သေ မိသားစု လေးစုနဲ့ သက်ကြီးရွယ်အို ညီအစ်မတစ်ဦး ပါတယ်။ မီးတောင် ချော်ရည်ချော်ခဲတွေကြောင့် ဝတ်ပြုရာခန်းမတွေ ပျက်စီးခြင်း မရှိပေမဲ့ မေလ ၄ ရက်မှာ လှုပ်ခတ်တဲ့ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ကြောင့် ဝတ်ပြုရာခန်းမတစ်ခု အနည်းငယ် ပျက်စီးခဲ့တယ်။

ဘေးသင့်တဲ့ ကြေညာသူတွေကို ဒေသခံညီအစ်ကို/မတွေရဲ့ အကူအညီနဲ့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) က ကူညီပေးနေပါတယ်။ အခြေအနေ တည်ငြိမ်သွားတာနဲ့ လိုအပ်တဲ့ ထပ်ဆင့်ကယ်ဆယ်ရေး အကူအညီတွေ ပေးသွားဖို့ စီစဉ်ထားကြပါတယ်။

ဆက်ဖြစ်နေသေးတဲ့ ဒီသဘာဝဘေးကြောင့် ဘေးသင့်တဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေသလို ဒုက္ခရောက်ချိန်မှာ ယေဟောဝါဟာ ခိုလှုံစရာ ရဲတိုက်ဖြစ်မယ်လို့ ယုံကြည်စိတ်ချနေကြပါတယ်။—နာဟုံ ၁:၇