မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၀၊ ၂၀၁၈
အမေရိကန်

ဖလောရင့်စ်မုန်တိုင်း အမေရိကန် အရှေ့တောင်ပိုင်းကို မွှေနှောက်ဖျက်ဆီး

ဖလောရင့်စ်မုန်တိုင်း အမေရိကန် အရှေ့တောင်ပိုင်းကို မွှေနှောက်ဖျက်ဆီး

အပူပိုင်းမုန်တိုင်း ဖလောရင့်စ်ကြောင့် မြောက်ကယ်ရိုလိုင်းနား၊ တောင်ကယ်ရိုလိုင်းနားပြည်နယ် အတော်များများသာမက တခြားပြည်နယ်တွေမှာပါ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ ပြင်းအားအဆင့် ၄ ရှိတဲ့ ဖလောရင့်စ်မုန်တိုင်းကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံးပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရတယ်။

မုန်တိုင်းကြောင့် ယေဟောဝါသက်သေတစ်ယောက်မှ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ ညီအစ်ကို/မ ၄,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ရတယ်လို့ အမေရိကန်ဌာနခွဲရုံးက သတင်းပို့ပါတယ်။ မုန်တိုင်း ပြီးသွားပေမဲ့ ရေကြီးနေလို့ ဒေသတချို့ကို ဆက်သွယ်လို့ မရသေးဘူး။ လောလောဆယ် ရထားတဲ့ သတင်းတွေအရ ညီအစ်ကို/မတွေရဲ့ အိမ် ၃၅၁ လုံးနဲ့ ဝတ်ပြုရာခန်းမ ၂၁ လုံး ပျက်စီးသွားပါတယ်။

အစားအစာ၊ ရေ၊ အဝတ်အထည်၊ ယာယီတဲနဲ့ လိုအပ်တဲ့ ဆေးဝါးတွေ ကူညီပေးဖို့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) က ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးအုပ်စုနှစ်စုက လဲကျနေတဲ့ သစ်ပင်တွေကို ရှင်းလင်းဖယ်ရှားပေးကြတယ်။ လောလောဆယ်တော့ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးမှုကို အဓိကထား ဖြေရှင်းပေးနေပါတယ်။ ကူညီပေးဖို့ ဒေသန္တရအသင်းတော်တွေက စေတနာ့ဝန်ထမ်းတွေအပြင် တခြားဒေသက ညီအစ်ကို/မပါ ရောက်လာကြပြီး DRC ညွှန်ကြားမှုအောက်မှာ လုပ်ဆောင်ကြပါလိမ့်မယ်။ ဒေသခံအကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေက ဘေးသင့်ဒေသတွေကို သွားရောက် အားပေးနေကြပါတယ်။

“ဘာကိုမှ မကြောက်” ရတော့မယ့်အချိန်ကို စောင့်မျှော်နေရင်း မုန်တိုင်းကြောင့် ဒုက္ခရောက်နေရတဲ့ ညီအစ်ကို/မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။—ဟေရှာယ ၁၂:၂