စက်တင်ဘာ ၈၊ ၂၀၁၇
အမေရိကန်
အာမာမုန်တိုင်း ကနဦးသတင်း
၂၀၁၇၊ စက်တင်ဘာ ၅ ရက်နေ့မှာ တိုက်ခတ်တဲ့ မုန်တိုင်းဟာ အတ္တလန္တိတ်သမုဒ္ဒရာမှာ အားအပြင်းဆုံးမုန်တိုင်းတစ်ခုပါ။ ကာရစ်ဘီယံကျွန်းစု အတော်များများကို မွှေနှောက်ဖျက်ဆီးခဲ့တယ်။ မုန်တိုင်းကြောင့် ညီအစ်ကို/မတစ်ယောက်မှ ထိခိုက်သေဆုံးတာ မရှိပါဘူး။ ဂွါဒီလုတ်၊ လာဒေဆီရာမှာ နိုင်ငံတော်ခန်းမတစ်လုံး၊ စိန့်ဘတ်မှာ နိုင်ငံတော်ခန်းမတစ်လုံး၊ စိန့်မာတင်မှာ အစည်းအဝေးပွဲခန်းမတစ်လုံး ပျက်စီးသွားတယ်။
ဘာဘူဒါကျွန်းကို မုန်တိုင်း ပြင်းထန်စွာ တိုက်ခတ်ခဲ့လို့ ကျွန်းသူ/သား ၅၀ ရာခိုင်နှုန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ စနေ၊ တနင်္ဂနွေလောက်မှာ ကာရစ်ဘီယံကျွန်းတစ်လျှောက် ဟိုဆေးမုန်တိုင်း တိုက်ခတ်ဦးမှာဖြစ်လို့ အစိုးရက သက်သေခံ ၁၁ ဦးအပါအဝင် ကျွန်းသူကျွန်းသားအားလုံးကို အင်တီဂွါဘက် ထွက်သွားကြဖို့ အမိန့်ထုတ်ထားပါတယ်။
မြောက်ပိုင်းကနေ ဘာဟားမား၊ ကျူးဘား၊ အမေရိကန် အရှေ့တောင်ပိုင်းကို အာမာမုန်တိုင်း ဆက်တိုက်ခတ်နေတုန်း ညီအစ်ကိုတွေက ကယ်ဆယ်ရေးလုပ်ငန်း အတော်များများကို အစပြုလုပ်ဆောင်နေကြပါပြီ။ နေရပ်စွန့်ခွာလာကြမယ့် ညီအစ်ကို/မတွေအတွက် နေရာချထားရေးလည်း ပါပါတယ်။
Media Contact:
David A. Semonian, Office of Public Information, +1-845-524-3000