မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၈၊ ၂၀၁၇
အမေရိကန်

ဘရွတ်ကလင်၊ ဒမ်ဘို​ရပ်ကွက်မှာ​တည်ရှိတဲ့ ၇၄၊ အာဒံ​လမ်း မြေကွက်​ကို ယေဟောဝါသက်သေတွေ ရောင်းလိုက်​ပါပြီ

ဘရွတ်ကလင်၊ ဒမ်ဘို​ရပ်ကွက်မှာ​တည်ရှိတဲ့ ၇၄၊ အာဒံ​လမ်း မြေကွက်​ကို ယေဟောဝါသက်သေတွေ ရောင်းလိုက်​ပါပြီ

နယူးယောက်၊ ဘရွတ်ကလင်၊ သမိုင်းဝင် ဒမ်ဘို​ရပ်ကွက်မှာ တည်ရှိတဲ့ ၇၄၊ အာဒံ​လမ်း မြေကွက်​ကို နိုဝင်ဘာ ၇၊ အင်္ဂါ​နေ့မှာ ရောင်းလိုက်​ပါပြီ။ ဒီ​မြေကွက်ဟာ ဒမ်ဘို​ရပ်ကွက်မှာ နောက်ဆုံး​လက်ကျန် မြေကွက်တွေ​ထဲ​က တစ်ခု​ဖြစ်ပါတယ်။

ယေဟောဝါသက်သေတွေ​က ဒီ​မြေကွက်​ကို ၁၉၇၅ ခုနှစ်မှာ ဝယ်ယူ​ခဲ့တယ်။ ၁၉၇၆ ခုနှစ်မှာ ကားပြင်​ရုံ တစ်ခု ဆောက်လုပ်ပြီး ကား​တွေကို ပြုပြင်​ထိန်းသိမ်း​တဲ့​လုပ်ငန်း လုပ်ဆောင်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်မှာ မူလ​အဆောက်အအုံ​ရဲ့ နှစ်ဆ​နီးပါး ထပ်​တိုးချဲ့ခဲ့တယ်။ မူလ​အကျယ်အဝန်း​က ၂၄,၀၇၂ စတုရန်း​ပေ (၂,၂၃၆ စတုရန်း​မီတာ) ရှိပြီး တိုးချဲ့​လိုက်တဲ့ အဆောက်အအုံ​က ၁၄၄,၉၁၃ စတုရန်း​ပေ (၁၃,၄၆၂ စတုရန်း​မီတာ) ရှိတယ်။ အဲဒီ​နေရာကို ကား​ရပ်နား​ရန်​နေရာ၊ လူနေ​ဆောင်၊ ဈေး​ဆိုင်​နဲ့ စီးပွားရေး​လုပ်ငန်း​တွေ​အတွက် အသုံးပြုနိုင်တယ်။

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000