မာတိကာဆီ ကျော်သွား

အိုကလာဟိုးမားပြည်နယ်၊ အယ်လ်ရေနိုမြို့မှာ လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက် အခြေအနေ

ဇွန် ၁၃၊ ၂၀၁၉
အမေရိကန်

ရာသီဥတု ဆိုးရွားမှုကြောင့် အမေရိကန် ပြည်နယ်အတော်များများ ထိခိုက်ပျက်စီး

ရာသီဥတု ဆိုးရွားမှုကြောင့် အမေရိကန် ပြည်နယ်အတော်များများ ထိခိုက်ပျက်စီး

အမေရိကန်နိုင်ငံမှာ ၂၀၁၉၊ မေလအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေဆင်နှာမောင်း အကြိမ် ၅၀၀ နီးပါး ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိတယ်။

အာကင်ဆော၊ အင်ဒီယားနား၊ မစ်စစ္စပီ၊ မစ်ဆူရီ၊ အိုဟိုင်အို၊ အိုကလာဟိုးမား၊ ပင်စီဗေးနီးယား၊ တက္ကဆက်ပြည်နယ်တွေက ယေဟောဝါသက်သေတွေဟာ ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံစားကြရတယ်။ ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်း မရှိဘူး။ ဒါပေမဲ့ ကြေညာသူ ခြောက်ယောက် ဒဏ်ရာရပြီး အဲဒီထဲက လေးယောက်ကို ဆေးရုံတင်လိုက်ရတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ခြောက်လုံး လုံးဝပျက်စီးသွားပြီး နေအိမ် ၉၈ လုံး၊ ဝတ်ပြုရာခန်းမ ၁၂ လုံး ထိခိုက်ပျက်စီးသွားတယ်။ နေအိမ်တွေ ပျက်စီးသွားလို့ ညီအစ်ကို၊ ညီအစ်မ ၈၄ ယောက် ရွှေ့ပြောင်းကြရတယ်။

ဘယ်လောက် ထိခိုက်ပျက်စီးသလဲဆိုတာ ညီအစ်ကိုတွေ ဆန်းစစ်နေကြပါတယ်။ ဘေးသင့်သူတွေကို အစားအစာ၊ သောက်ရေနဲ့ နေစရာတွေ ထောက်ပံ့ပေးနေကြတယ်။ ဒေသခံ အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးတွေက ညီအစ်ကို၊ ညီအစ်မတွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။

ကျွန်တော်တို့ရဲ့ ယုံကြည်သူချင်းတွေ မုန်တိုင်းဘေးသင့်ပြီးနောက် ပြန်လည်ထူထောင်ချိန်မှာလည်း ကျွန်တော်တို့တွေ ဆက်ကူညီထောက်မကြပါမယ်။ သူတို့အတွက် ဆုတောင်းပေးကြပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄