မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၇၊ ၂၀၂၀
အမေရိကန်

လူဝီစီးယားနားမှာ ဟာရီကိန်း လော်ရာ ဝင်ရောက်တိုက်ခတ်

လူဝီစီးယားနားမှာ ဟာရီကိန်း လော်ရာ ဝင်ရောက်တိုက်ခတ်

နေရာ

အာကင်ဆော၊ မစ်စစ္စပီ၊ လူဝီစီးယားနား အနောက်ပိုင်း၊ တက္ကဆက်ပြည်နယ် အရှေ့ပိုင်း

သဘာဝဘေး

  • ၂၀၂၀၊ ဩဂုတ်လ ၂၇ ရက်နေ့မှာ လူဝီစီးယားနား အနောက်ပိုင်းကို ပြင်းအားအဆင့် ၄ ရှိတဲ့ ဟာရီကိန်းလော်ရာ ဝင်ရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အပျက်အစီး များပြားခဲ့၊ လျှပ်စစ်မီး ပြတ်တောက်မှုကြီး ဖြစ်ပွားခဲ့

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • သက်ကြီး ညီအစ်မတစ်ဦး ဆေးရုံကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေတုန်း သေဆုံးသွားကြောင်း ကြားရလို့ စိတ်မကောင်းပါဘူး

  • နောက်ညီအစ်မတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၃,၉၉၂ ယောက်ဟာ နေအိမ်ကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • ညီအစ်ကို/မတွေရဲ့ နေအိမ် ၁၀ လုံး ပျက်စီးသွား

  • အိမ် ၉၅ လုံး၊ ဝတ်ပြုရာခန်းမ လေးလုံး တော်တော်ထိခိုက်ပျက်စီးသွား

  • အိမ် ၁၉၂ လုံး၊ ဝတ်ပြုရာခန်းမ ၁၆ လုံး အနည်းငယ် ပျက်စီးသွား

ကယ်ဆယ်ရေးလုပ်ငန်း

  • အမေရိကန်ဌာနခွဲရုံးက သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့

  • တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံအကြီးအကဲတွေက ကြေညာသူတွေအတွက် ယာယီတည်းခိုစရာ နေရာတွေ စီစဉ်ပေးကြ

တွေ့ကြုံမှုများ

  • အနီးဝန်းကျင်က ညီအစ်ကို၊ ညီအစ်မတွေက နေအိမ်စွန့်ခွာလာသူတွေအတွက် နေစရာ စီစဉ်ပေးကြတယ်။ အားလုံးက COVID 19 စည်းမျဉ်းတွေကို လိုက်နာကြတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတဲ့ ညီအစ်ကိုတစ်ယောက်က “ယေဟောဝါရဲ့ ကောင်းချီးတွေပါပဲ” လို့ ပြောတယ်

မုန်တိုင်းဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေဟာ လမ်းညွှန်ချက်ကို လိုက်နာရင်း လိုအပ်ချိန်မှာ ကူညီပေးခြင်းအားဖြင့် ‘ဘုရားသခင်ရဲ့ အမှုဆောင်သူတွေ ဖြစ်မှန်း ဖော်ပြကြတယ်။’—၂ ကောရိန္သု ၆၊