မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၄၊ ၂၀၂၀
အမေရိကန်

ဟာရီကိန်း စယ်လီကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်

ဟာရီကိန်း စယ်လီကြောင့် အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်

နေရာ

အယ်လ်ဘားမား၊ ဖလော်ရီဒါ၊ မစ်စစ္စပီ

သဘာဝဘေး

  • ၂၀၂၀၊ စက်တင်ဘာ ၁၆ ရက်တုန်းက အယ်လ်ဘားမားမှာ တဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ အဆင့် ၂ မုန်တိုင်း တိုက်ခတ်ခဲ့တယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နာရီပိုင်းအတွင်း ရေတက်လာပြီး ရေကြီးရေလျှံမှု ဖြစ်ခဲ့

  • လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများစွာ ပျက်စီးပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ခဲ့

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၂၄၀ ဘေးလွတ်ရာကို ပြောင်းရွှေ့ရ

  • ကြေညာသူ ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • အိမ် ၁၄၃ လုံး၊ ဝတ်ပြုရာခန်းမ ၁၁ လုံး အနည်းငယ် ပျက်စီး

  • အိမ် ၁၂ လုံး၊ ဝတ်ပြုရာခန်းမ ၁ လုံး အကြီးအကျယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ နှစ်ခုဟာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေနဲ့အတူ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်း ရေဘေးသင့် ညီအစ်ကို/မတွေရဲ့ ဘုရားရေးရာနဲ့ ကာယရေးဘက် ကူညီပေးနေကြ

မုန်တိုင်းပြီးသွားတဲ့နောက် အလွန် စိတ်ပူနေတဲ့ ညီအစ်မတစ်ယောက်ကို ဒေသခံ အသင်းတော်က ချက်ချင်း လာကူညီပေးတယ်။ ဒါကြောင့် သူက “ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ အကူအညီအတွက် သိပ်ကျေးဇူတင်တယ်” လို့ ပြောတယ်။—၁ ယောဟန် ၃:၁၈