မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၆၊ ၂၀၂၀
အမေရိကန်

ဟာရီကိန်း ဇီတာ အမေရိကန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်သွား

ဟာရီကိန်း ဇီတာ အမေရိကန်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်သွား

တည်နေရာ

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်

သဘာဝဘေး

  • ၂၀၂၀၊ အောက်တိုဘာ ၂၈ ရက်နေ့တုန်းက လူဝီစီးယားနားပြည်နယ်မှာ ပြင်းအားအဆင့် ၂ ရှိတဲ့ မုန်တိုင်း တိုက်ခတ်သွားတယ်။ အဲဒီနောက် အပူပိုင်းမုန်တိုင်းအဆင့် အားပျော့သွားပြီး အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်

  • မုန်တိုင်းကြောင့် ကမ်းခြေတစ်လျှောက် မိုးသက်လေပြင်း ကျခြင်း၊ လှိုင်းကြီးခြင်း၊ နေအိမ်တွေ ပျက်စီးခြင်း၊ လျှပ်စစ်မီး ပြတ်တောက်ခြင်းတွေ ဖြစ်ခဲ့

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၃၂၄ ယောက် နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာဆီ ရွှေ့ပြောင်းရ

  • ကြေညာသူ ၁ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • အိမ် ၂၉၁ လုံး၊ ဝတ်ပြုရာခန်းမ ၁၄ လုံး အနည်းငယ် ပျက်စီး

  • အိမ် ၈ လုံး၊ ဝတ်ပြုရာခန်းမ ၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁ လုံး ရစရာ မရှိအောင် ပျက်စီးသွား

ကယ်ဆယ်ရေးလုပ်ငန်း

  • ဒေသခံ အကြီးအကဲတွေ၊ တိုက်နယ်ကြီးကြပ်မှူးတွေက မုန်တိုင်းသင့် ညီအစ်ကို/မတွေဆီကို သွားရောက် အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေပါတယ်။ ကိုဗစ်-၁၉ နဲ့ ဟာရီကိန်းလော်ရာ ကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားတဲ့ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေကို ဂရုတစိုက် လိုက်နာရင်း မုန်တိုင်းသင့် ညီအစ်ကို/မတွေကို ဆက်လက် ကူညီထောက်မနေပါတယ်။

ဒီမုန်တိုင်းကြောင့် ညီအစ်ကို/မတွေ အကြီးအကျယ် ဒုက္ခရောက်နေမှန်း ကြားသိရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အခုလို ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာက မိမိရဲ့ လူတွေအပေါ် ယေဟောဝါ ခိုင်မြဲတဲ့ မေတ္တာ ပြနေမှန်း ထင်ရှားတယ်။—ဆာလံ ၈၉:၁