မာတိကာဆီ ကျော်သွား

တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ အမြန်လမ်းမှာ စွန့်ပစ်ထားတဲ့ ကားများကို တွေ့ရစဉ်

အောက်တိုဘာ ၂၊ ၂၀၁၉
အမေရိကန်

အပူပိုင်းမုန်တိုင်းကြောင့် တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်း ရေကြီး

အပူပိုင်းမုန်တိုင်းကြောင့် တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်း ရေကြီး

၂၀၁၉၊ စက်တင်ဘာ ၁၆ ရက်နေ့အပတ်အတွင်း အပူပိုင်းမုန်တိုင်း အီမယ်ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းမှာ ရေကြီးခဲ့တယ်။ ရက်အနည်းငယ်အတွင်း မိုးရေချိန် လက်မ ၄၀ (၁၀၂ စင်တီမီတာ) ရွာသွန်းခဲ့တယ်။ အမေရိကန်ကို တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ မိုးရွာသွန်းမှု အများဆုံး အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ကြတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ရာနဲ့ချီတဲ့ ကားတွေကို အမြန်လမ်းတွေ၊ လမ်းမတွေမှာ ဒီအတိုင်း စွန့်ပစ်ထားကြတယ်။ လူအတော်များများ ဘေးကင်းရာကို ပြောင်းရွှေ့ခဲ့ရတယ်။

ဘေးသင့်ဒေသမှာ ညီအစ်ကို၊ ညီအစ်မ ၂၉,၆၄၉ ယောက် နေထိုင်ပြီး ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ တစ်ယောက်မှ မရှိဘူးလို့ အမေရိကန်ဌာနခွဲရုံးကနေ သတင်းရပါတယ်။ ဒါပေမဲ့ ကြေညာသူ ၁၁၄ ယောက် ရွှေ့ပြောင်းကြရတယ်။ အဲဒီအပြင် ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ၁၄၅ လုံး၊ ဝတ်ပြုရာခန်းမ ဆယ်လုံး ပျက်စီးသွားတယ်။

ဌာနခွဲရုံးက ဖွဲ့စည်းပေးထားတဲ့ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီဟာ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်နေကြ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ ယေဟောဝါဘုရားရဲ့ ‘ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်အထိ မြင့်မား’ တဲ့အတွက် ဘေးသင့်ညီအစ်ကို၊ ညီအစ်မတွေကို ဘုရား ထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—ဆာလံ ၃၆:၅