မာတိကာဆီ ကျော်သွား

ဇူလိုင် ၂၂၊ ၂၀၁၉
အမေရိကန်

အပူပိုင်းမုန်တိုင်း ဘယ်ရီကြောင့် အမေရိကန်တောင်ပိုင်း ထိခိုက်ပျက်စီး

အပူပိုင်းမုန်တိုင်း ဘယ်ရီကြောင့် အမေရိကန်တောင်ပိုင်း ထိခိုက်ပျက်စီး

၂၀၁၉၊ ဇူလိုင် ၁၃ ရက်နေ့မှာ လူဝီစီးယားနား ကမ်းရိုးတန်းကို အဆင့် ၁ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ပြီး အပူပိုင်းမုန်တိုင်း ဘယ်ရီအဖြစ် အားပျော့သွားခဲ့ပါတယ်။ ဒီအပူပိုင်းမုန်တိုင်းကြောင့် အယ်လ်ဘားမား၊ လူဝီစီးယားနား၊ မစ်စစ္စပီ ပြည်နယ်တစ်ဝန်းမှာ ထိခိုက်ပျက်စီးမှု၊ ရေကြီးရေလျှံမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်။

မုန်တိုင်းကြောင့် ကြေညာသူတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရခြင်း၊ သေဆုံးခြင်း မရှိပေမဲ့ ၁၂၃ ယောက်ကတော့ ရွှေ့ပြောင်းခဲ့ရတယ်။ မုန်တိုင်းကြောင့် ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ် ၂၇ လုံး၊ ဝတ်ပြုရာခန်းမ ၅ လုံး ထိခိုက်ပျက်စီးသွားတယ်။

မုန်တိုင်းဘေးသင့်သူတွေဆီ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေ လည်ပတ်ပြီး ကျမ်းစာနဲ့ အားပေးနေကြပါတယ်။ အနီးအနား အသင်းတော်တွေက ကြေညာသူတွေဟာ လိုအပ်နေသူတွေအတွက် သောက်ရေ၊ အစားအစာနဲ့ နေစရာတွေ ပြင်ဆင်ပေးကြတယ်။ ပြုပြင်ရေးလုပ်ငန်းတွေကို ဒေသခံညီအစ်ကိုတွေ စီစဉ်ဆောင်ရွက်နေကြပါပြီ။

အပူပိုင်းမုန်တိုင်း ဘယ်ရီကြောင့် ဘေးသင့်ခဲ့ကြတဲ့ အမေရိကန်တောင်ပိုင်းက ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေကြ၊ ဆက်ကူညီပေးနေကြပါတယ်။—ပညာအလိမ္မာ ၁၈:၁၀