မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၁၉၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းတွင်းသေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းတွင်းသေနတ်ပစ်ခတ်မှု ဖြစ်ပွားခြင်း

၂၀၁၉၊ နိုဝင်ဘာ ၁၄ ရက်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ကလာရီတာမြို့ အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသားတစ်ယောက်က အတန်းဖော်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ သေနတ်သမားကြောင့် ကျောင်းသားနှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ သတ်သေခဲ့တယ်။

ဝမ်းနည်းစရာက ကျွန်တော်တို့ရဲ့ ညီအစ်မတစ်ဦးရဲ့ သားဖြစ်သူ ဒိုမီနစ် ဘလက်ခ်ဝဲဟာ သေဆုံးသွားတဲ့ ကျောင်းသားနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တယ်။ သူဟာ ၁၄ နှစ်အရွယ်ရှိပြီး မိခင်ဖြစ်သူ ညီအစ်မ နန်စီ ဘလက်ခ်ဝဲနဲ့အတူ အစည်းအဝေးတွေကို ပုံမှန်တက်ရောက်ခဲ့တယ်။ ဒိုမီနစ်ဟာ မိဘတွေနဲ့ မောင်နှမ သုံးယောက်ကို ထားရစ်ခဲ့တယ်။ အကြီးအကဲတွေက ကျန်ရစ်သူ မိသားစုနဲ့ အသင်းတော်ကို သမ္မာကျမ်းစာနဲ့ အားပေးနှစ်သိမ့်ပေးနေပါတယ်။

ဒီဖြစ်ရပ်ဆိုးကြီးကို ကြားရလို့ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲကြရတယ်။ ဒီအချိန်ကို ကျွန်တော်တို့ တောင့်တနေကြပါတယ်- “ဘုရားသခင်က  . . .  မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄