မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၃၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ စိန့်လူးဝစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အမေရိကန်နိုင်ငံ၊ စိန့်လူးဝစ်မြို့—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဩဂုတ် ၁၆-၁၈၊ ၂၀၁၉

  • နေရာ– အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်မြို့၊ အမေရိကန်စင်တာမှာရှိတဲ့ သည်ဒုန်း အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်၊ ခရိုအေးရှား

  • အများဆုံးတက်ရောက်သူ– ၂၈,၁၂၂

  • နှစ်ခြင်းခံသူ အရေအတွက်– ၂၂၄

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အာဂျင်တီးနား၊ ဩစတြေးလျ အေးရှား၊ ဗြိတိန်၊ ကနေဒါ၊ ဗဟိုဥရောပ၊ ကိုလံဘီယာ၊ ခရိုအေးရှား၊ ချက်-ဆလိုဗက်၊ ဖင်လန်၊ ပြင်သစ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ပေါ်တူဂီ၊ စကင်ဒီနေးဗီးယား၊ ဆားဗီးယား၊ တောင်အာဖရိက

  • ဒေသခံတွေ့ကြုံမှု– မက်ထရိုလင့်ရထားလိုင်းက ဆက်သွယ်ရေး မန်နေဂျာဖြစ်တဲ့ မာတင် ဂေါ်လေ ဒီလို မှတ်ချက်ချတယ်– “တစ်ဦးတစ်ယောက်ကို ချစ်တယ်လို့ ပြောမယ်။ ဒါမှမဟုတ် တစ်စုံတစ်ရာကို ချစ်တယ်လို့ ပြောမယ်။ ဒါပေမဲ့ လက်တွေ့မပြသေးသရွေ့ တကယ်ချစ်တယ်လို့ ပြောလို့မရဘူး။ ခင်ဗျားတို့ကတော့ ချစ်ခြင်းမေတ္တာကို လုပ်ရပ်နဲ့ ပြကြတယ်။ ခင်ဗျားတို့က နှိမ့်ချသူတွေဖြစ်တယ်။ မေတ္တာက ခင်ဗျားတို့ကို နှိမ့်ချမှု ရှိစေတယ်။ မထောင်လွှားစေဘူး။ ကျွန်တော့်ရဲ့ ရင်ထိုးတံဆိပ်က ကျွန်တော်ဟာ မီးရထားဝန်ထမ်းဖြစ်ကြောင်း ဖော်ပြတယ်။ ခင်ဗျားတို့ဟာ ယေဟောဝါသက်သေတွေဖြစ်ကြောင်း ခင်ဗျားတို့ပြတဲ့ မေတ္တာက ဖော်ပြတယ်။”

    ပို့ဆောင်ရေးကုမ္ပဏီ နောက်တစ်ခု (စိန့်လူးဝစ်မှာ စီးပွားရေးတိုးတက်ဖို့ လုပ်ဆောင်နေတဲ့ သယ်ယူပို့ဆောင်ရေး အေဂျင်စီ Bi-State Development) ရဲ့ ဆက်သွယ်ရေး မန်နေဂျာ ဂျယ်ရီ ဗလာလေ ဒီလို ပြောတယ်– “ခင်ဗျားတို့က အလုပ်ကိုပဲ စဉ်းစားတာမဟုတ်ဘူး။ ရောက်လာတဲ့ ကိုယ်စားလှယ်တွေ၊ ခင်ဗျားတို့နဲ့ တွဲအလုပ်လုပ်တဲ့သူတွေ၊ ပို့ဆောင်ရေးကလူတွေ အဆင်ပြေဖို့အတွက် စဉ်းစားပေးတယ်။ ခင်ဗျားတို့နဲ့ တွဲအလုပ်လုပ်သူတိုင်း အဆင်ပြေဖို့၊ အလုပ်တွေ ပိုအဆင်ပြေ ချောမွေ့ဖို့ ထည့်စဉ်းစားတယ်။”

 

စိန့်လူးဝစ် လမ်းဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရောက်လာမယ့် အစည်းအဝေး ကိုယ်စားလှယ်တွေကို ဒေသခံ ညီအစ်ကိုညီအစ်မတွေ စောင့်နေကြစဉ်

စိန့်လူးဝစ်မြို့လယ်မှာ ဒေသခံ ညီအစ်ကိုညီအစ်မတွေနဲ့အတူ ကိုယ်စားလှယ်တွေ လက်တွန်းစင်နဲ့ သက်သေခံနေစဉ်

အစည်းအဝေး မတိုင်ခင် “သည်ဒုန်း” အားကစားကွင်းကို ညီအစ်ကိုညီအစ်မတွေ သန့်ရှင်းရေး လုပ်နေကြစဉ်

နှစ်ခြင်းခံသူ ညီအစ်ကိုညီအစ်မအသစ် ၂၂၄ ယောက်ထဲက ၃ ယောက် နှစ်ခြင်းခံနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဒေးဗစ် စပလိန်း အစည်းအဝေး တတိယနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်

ကိုယ်စားလှယ်တွေ အစီအစဉ်ကို ပြုံးပြုံးရွှင်ရွှင် နားထောင်နေကြစဉ်

တနင်္ဂနွေနေ့မှာ အပြည်ပြည်ဆိုင်ရာ အထူးအချိန်ပြည့် ကိုယ်စားလှယ်တွေ ကွင်းထဲကနေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်

ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ညီအစ်ကိုညီအစ်မတွေ ဓာတ်ပုံရိုက်နေကြစဉ်

ကိုယ်စားလှယ်တွေ စိန့်လူးဝစ် တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေကို ကြည့်နေကြစဉ်

စိန့်လူးဝစ် ပြည်သူ့စာကြည့်တိုက်မှာ ဆာလံ ၈၃:၁၈ ကိုဖွင့်ပြထားတဲ့ ၁၆၁၁ ခုနှစ်၊ ပထမအကြိမ်ထုတ် ဂျိမ်းဘုရင် ဘာသာပြန်ကျမ်းမူရင်းကျမ်းစာအုပ်ကို ကိုယ်စားလှယ်တွေ ကြည့်နေကြစဉ်။ ကိုယ်စားလှယ်တွေအတွက် ဒီစာမျက်နှာကိုဖွင့်ပြီး ပြသဖို့ စာကြည့်တိုက်က အထူးစီစဉ်ပေးထား

ညနေခင်း စုဆုံမှုမှာ ညီအစ်ကိုညီအစ်မငယ်တွေ သီချင်းဆိုနေကြစဉ်