ဇွန် ၄၊ ၂၀၁၉
အမေရိကန်
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားဘိချ်မှာ လူများစွာ သေနတ်နဲ့ ပစ်ခတ်ခံရ
၂၀၁၉၊ မေ ၃၁ ရက်မှာ သေနတ်သမားတစ်ယောက်က အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ဗာဂျီးနီးယားဘိချ်မှာရှိတဲ့ မြူနီစီပယ်ရုံး အဆောက်အဦထဲက အလုပ်သမားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ ၁၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားတယ်။
ဝမ်းနည်းစရာက ဒီပစ်ခတ်မှုမှာ ကျွန်တော်တို့ရဲ့ ညီအစ်မဖြစ်တဲ့ လာကွီတာ ဘရောင်း သေဆုံးသွားတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ ညီအစ်မ ဘရောင်းဟာ ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့မြို့က ဆီးဗြူး ပြင်သစ် အသင်းတော်မှာ မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေသူဖြစ်တယ်။ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေးမှာ စေတနာ့ဝန်ထမ်းနေသူလည်း ဖြစ်တယ်။ ဒေသခံအကြီးအကဲတွေဟာ တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ ညီအစ်မ ဘရောင်းရဲ့ မိတ်ဆွေတွေနဲ့ မိသားစုကို အားပေးနှစ်သိမ့်ခဲ့ကြတယ်။
ကျွန်တော်တို့ရဲ့ ညီအစ်မ ဆုံးပါးသွားတာကို ကြားရလို့ တကယ် ဝမ်းနည်းရပါတယ်။ ဒီလိုအဖြစ်ဆိုးတွေ မရှိတော့မယ်အချိန်၊ ကမ္ဘာပေါ်မှာ “များပြားလှတဲ့ ငြိမ်သက်ခြင်း” ရှိမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြပါတယ်။—ဆာလံ ၃၇:၁၀၊ ၁၁။