မာတိကာဆီ ကျော်သွား

ဇူလိုင် ၁၂၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့ (အင်္ဂလိပ်ဘာသာစကား)—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့ (အင်္ဂလိပ်ဘာသာစကား)—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဇူလိုင် ၅-၇၊ ၂၀၁၉

  • နေရာ– အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ မာလင် အားကစားကွင်း

  • ဘာသာစကား– အင်္ဂလိပ်၊ တရုတ် မန်ဒရင်း

  • အများဆုံး တက်ရောက်သူ– ၂၈,၀၀၀

  • နှစ်ခြင်းခံသူ အရေအတွက်– ၁၈၁

  • အပြည်ပြည်ဆိုင်ရာကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ ကိုလံဘီယာ၊ ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံ၊ ဖီဂျီ၊ ဂါနာ၊ ဂရိ၊ ဟောင်ကောင်၊ အစ္စရေး၊ ဂျပန်၊ နယ်သာလန်၊ စကင်ဒီနေးဗီးယား၊ တောင်အာဖရိက၊ စပိန်၊ ထိုင်ဝမ်၊ ထရီနီဒတ်နဲ့ တိုဘာဂို၊ ယူကရိန်း

  • ဒေသခံတွေ့ကြုံမှု– မိုင်ယာမီမြို့တော်ဝန် ဖရန်စစ် အိတ်စ်. စွာရက်က တနင်္ဂနွေနေ့မှာ အစည်းအဝေးကျင်းပတဲ့ နေရာကို ရောက်လာပြီး ဒီလိုပြောတယ်– “‘မေတ္တာဟာ အစဉ်တည်တယ်’ ဆိုတဲ့ စာသားကို ကြိုက်တယ်။ တော်တော် အဓိပ္ပာယ်ရှိတဲ့ စာသားပဲ။” ဒီလိုလည်း ပြောသွားတယ်– “အမေရိကန် ဒါမှမဟုတ် ကမ္ဘာတစ်ဝန်းလုံးက မြို့ကြီးတွေမှာ ဒီလိုအစည်းအဝေးတွေ ကျင်းပတာလောက် ကောင်းတာမရှိဘူး။”

မိုင်ယာမီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကိုယ်စားလှယ်တွေကို လူငယ်လေးတွေ ကြိုဆိုနေကြစဉ်

ကိုယ်စားလှယ်တွေနဲ့ ဒေသခံ ယေဟောဝါသက်သေတွေ အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ခေါ်ခြင်းလုပ်ငန်းမှာ ပါဝင်နေကြစဉ်

သောကြာနေ့မှာ ထုတ်ဝေတဲ့ တရုတ်ဘာသာစကားနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ကိုယ်စားလှယ်တွေ လက်ခံရရှိစဉ်

အစီအစဉ်အတွင်း ကိုယ်စားလှယ်တွေ မှတ်စုယူနေကြစဉ်

နှစ်ခြင်းခံကြတဲ့ ညီအစ်ကို၊ ညီအစ်မအသစ် ၁၈၁ ယောက်ထဲက သုံးဦးကို တွေ့ရစဉ်

ဒေသခံညီအစ်ကို၊ ညီအစ်မတွေ ကိုယ်စားလှယ်တွေကို နှုတ်ဆက်ကြ၊ အပြန်အလှန် လက်ဆောင် ပေးနေကြစဉ်

နိုင်ငံခြားလယ်ကွင်းမှာ အမှုဆောင်နေကြတဲ့ သာသနာပြုတွေ၊ ဗေသလအိမ်သားတွေက တနင်္ဂနွေနေ့မွန်းလွဲပိုင်းမှာ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေကြစဉ်

တနင်္ဂနွေနေ့ အစီအစဉ်ပြီးနောက် အထူးအချိန်ပြည့်အမှုဆောင်တွေကို ညီအစ်ကို လော့ရှ် နှုတ်ဆက်နေစဉ်

ညနေခင်းစုဆုံမှုအတွင်း လူငယ်လေးတွေက ကိုယ်စားလှယ်တွေကို သီချင်းနဲ့ ဖျော်ဖြေနေကြစဉ်