မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၉၊ ၂၀၁၉
အမေရိကန်

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ (စပိန်ဘာသာစကား)—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး

အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ (စပိန်ဘာသာစကား)—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
  • နေ့စွဲ– ဩဂုတ် ၂၃-၂၅၊ ၂၀၁၉

  • နေရာ– အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့မှာရှိတဲ့ အဲန်အာဂျီ အားကစားကွင်း

  • ဘာသာစကား– စပိန်

  • အများဆုံးတက်ရောက်သူ– ၅၆,၁၆၇

  • နှစ်ခြင်းခံသူ အရေအတွက်– ၆၂၆

  • အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၅၀၀

  • ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဗဟိုအမေရိက၊ ချီလီ၊ ကိုလံဘီယာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ပီရူး၊ ဖိလစ်ပိုင်၊ စပိန်၊ ထရီနီဒက်နှင့် တိုဘာဂို၊ ဗင်နီဇွဲလား

  • ဒေသခံတွေ့ကြုံမှု– ဟူစတန် အာကာသစခန်းရဲ့ မန်နေဂျာဖြစ်သူ ဂျိုအဲလ် ဟာဒင် ဒီလို ပြောတယ်– “ဒီမနက်မှာ ကျွန်မရဲ့ဝန်ထမ်း [ကိုယ်စားလှယ်တွေ အဆောက်အဦထဲဝင်ဖို့ လက်မှတ်စစ်သူ] တစ်ယောက် ရောက်လာပြီး ‘ဂျိုအဲလ် . . . လူတိုင်းက ကျွန်မကိုကြည့်ပြီး “ကျေးဇူးတင်ပါတယ်” လို့ ပြောကြတယ်။ တစ်ခါတလေ တခြားဘာသာစကားနဲ့ ပြောတယ်’ လို့ သူပြောပြတယ်။ သူ့အတွက် တကယ်ထူးခြားတဲ့ နေ့ပဲ။ သူအဲဒီလောက် စိတ်လှုပ်ရှားတာ တစ်ခါမှ မတွေ့ဖူးဘူး။”

 

အစည်းအဝေးစတဲ့နေ့မှာ ကိုယ်စားလှယ်တွေ အားကစားကွင်းကို ရောက်လာကြစဉ်

ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ကိုယ်စားလှယ်တွေ ဟောပြောနေကြစဉ်

သောကြာနေ့ အစီအစဉ်မစခင်မှာ အဲန်အာဂျီအားကစားကွင်းကို ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေ သန့်ရှင်းရေးလုပ်နေစဉ်

ညီအစ်ကို၊ ညီအစ်မအသစ် ၆၂၆ ယောက်ထဲက ၂ ယောက် နှစ်ခြင်းခံနေကြစဉ်

အုပ်ချုပ်ရေးအဖွဲ့ဝင် မာ့ခ် ဆန်ဒါစန် သောကြာနေ့ မွန်းလွဲပိုင်း နိဂုံးချုပ်ဟောပြောချက် ပေးနေစဉ်

အစီအစဉ်ကို နားထောင်နေတဲ့ ကိုယ်စားလှယ်တွေ မှတ်စုယူနေကြစဉ်

ဟူစတန် သဘာဝသိပ္ပံပြတိုက်ကို လှည့်လည်ကြည့်ရှုတဲ့ ဧည့်သည်အုပ်စုတစ်စုကို ညီအစ်မတစ်ယောက် လိုက်လံပြသနေစဉ်

ညနေခင်း စုဆုံမှုမှာ ပရိသတ်တွေကို ညီအစ်ကို၊ ညီအစ်မတွေ ဖျော်ဖြေနေကြစဉ်

တနင်္ဂနွေနေ့ နိဂုံးချုပ် အစီအစဉ်မှာ အထူးအချိန်ပြည့် အမှုဆောင်တွေ ကွင်းထဲမှာ လက်ပြနှုတ်ဆက်နေကြစဉ်