ဇူလိုင် ၁၉၊ ၂၀၁၉
အမေရိကန်
အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ (အင်္ဂလိပ်)—၂၀၁၉ “မေတ္တာဟာ အစဉ်တည်တယ်” အပြည်ပြည်ဆိုင်ရာ အစည်းအဝေး
နေ့စွဲ– ဇူလိုင် ၁၂-၁၄၊ ၂၀၁၉
နေရာ– အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ NRG အားကစားကွင်း
ဘာသာစကား– အင်္ဂလိပ်၊ ကိုရီးယား
အများဆုံး တက်ရောက်သူ– ၅၀,၉၀၁
နှစ်ခြင်းခံသူ အရေအတွက်– ၄၀၁
အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ် အရေအတွက်– ၅,၀၀၀
ဖိတ်ခေါ်ခံရတဲ့ ဌာနခွဲများ– ဩစတြေးလျအေးရှား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ဗြိတိန်၊ ကနေဒါ၊ ကိုလံဘီယာ၊ ချက်-စလိုဗက်၊ ပြင်သစ်၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ စကင်ဒီနေးဗီးယား
ဒေသခံတွေ့ကြုံမှု– အစည်းအဝေးကြီး တက်ဖို့ ဟူစတန်မြို့ကို ဧည့်သည်တွေ အပါအဝင် ယေဟောဝါသက်သေ ၅၀,၀၀၀ ရောက်လာကြတဲ့အတွက် ဟူစတန် မြို့တော်ဝန် စေဗက်စတာ တာနာ အံ့ဩသွားတယ်။ သူဒီလိုပြောတယ်– “လတ်ဆတ်တဲ့ လေကြောင့် လန်းဆန်းသွားသလိုပါပဲ အစည်းအဝေးကြီး တက်ဖို့ ဟူစတန်မြို့ကို ယေဟောဝါသက်သေတွေ ရောက်လာတာဟာ မြို့ကို လန်းဆန်းသွားစေတယ်။” ခင်ဗျားတို့ [ယေဟောဝါသက်သေတွေ] တစ်နှစ် နှစ်ကြိမ် လာနိုင်မယ်ဆိုရင်လည်း ပိုလို့တောင် ကြိုဆိုတယ်ဗျာ။”
ဟူစတန်မြို့က ညီအစ်ကို၊ ညီအစ်မတွေ ကိုယ်စားလှယ်တွေကို ကြိုဆိုနေကြစဉ်
ကိုယ်စားလှယ်တွေ ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ အမှုဆောင်မှာ ပါဝင်နေကြစဉ်
ညီအစ်ကို၊ ညီအစ်မသစ် ၄၀၁ ယောက်ထဲကတချို့ နှစ်ခြင်းခံနေကြစဉ်
အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်တိုနီ မောရစ္စက စနေနေ့ နိဂုံးချုပ် ဟောပြောချက် ပေးနေစဉ်
ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူတချို့ ပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ကိုယ်စားလှယ်တွေ ဓာတ်ပုံရိုက်နေကြစဉ်
ကိုယ်စားလှယ်တွေ ပျော်ရွှင်စွာ ပေါင်းသင်းမှု လုပ်နေကြစဉ်
တနင်္ဂနွေနေ့ နိဂုံးချုပ် ဟောပြောချက်မှာ အထူးအချိန်ပြည့် အမှုဆောင်တွေကို ပရိသတ်က လက်ခုပ်တီး အားပေးနေကြစဉ်
ညနေခင်း ပေါင်းသင်းမှု နိဂုံးချုပ်ချိန်မှာ သီချင်း၊ အက အပါအဝင် ဟူစတန်မြို့ ယေဟောဝါသက်သေ သမိုင်းကြောင်း အကျဉ်းချုပ်မှာ ပါဝင်တင်ဆက်ခဲ့ကြတဲ့ ဒေသခံ ညီအစ်ကို၊ ညီအစ်မတွေကို စင်မြင့်ထက်မှာ တွေ့ရစဉ်