မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၄၊ ၂၀၂၁
အမေရိကန်

အမေရိကန်ပြည်ထောင်စုမှာ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အပျက်အစီး များပြား

အမေရိကန်ပြည်ထောင်စုမှာ လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် အပျက်အစီး များပြား

၂၀၂၁၊ ဒီဇင်ဘာ ၁၀ ရက်ကစပြီး အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနဲ့ အလယ်တစ်ကြောရှိ ပြည်နယ် ရှစ်ခုမှာ လေဆင်နှာမောင်းတွေ ဆက်တိုက် တိုက်ခိုက်သွားတယ်။ လေဆင်နှာမောင်းတစ်ခုဆိုရင် ၄၀၂ ကီလိုမီတာ (မိုင် ၂၅၀) ကျယ်တဲ့ နယ်မြေကို ဝင်မွှေသွားတဲ့အတွက် သေကြေမှု၊ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တယ်။ ကင်တပ်ကီပြည်နယ်ဟာ အထိနာဆုံးပါ။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရတာ၊ သေဆုံးတာ မရှိပါဘူး

  • ကြေညာသူ ၃၁ ယောက်က ဘေးကင်းရာဆီ ရွှေ့ပြောင်းရတယ်

  • ညီအစ်ကိုတွေရဲ့အိမ် ၁၀ လုံး အနည်းငယ် ပျက်စီးတယ်

  • အိမ် ၃ လုံး အကြီးအကျယ် ပျက်စီးသွားတယ်

  • အိမ် ၉ လုံး လုံးဝ ပျက်စီးသွားတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သဘာဝဘေးသင့် ညီအစ်ကို/မတွေကို တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေ အားပေးနှစ်သိမ့်ကြတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ် ၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်နေကြတယ်

သဘာဝဘေးတွေကြောင့် ဒုက္ခရောက်တဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ အလွန် သနားစာနာမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။—ဟေရှာယ ၆၃:၉