မာတိကာဆီ ကျော်သွား

မီလ်တန်မုန်တိုင်း တိုက်ခတ်သွားပြီးနောက် အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ မန်နေဆိုတာ ကီး မှာ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်
အမေရိကန်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်တိုက်ခတ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပင်လယ်ကွေ့ ကမ်းရိုးတန်းကို အဆင့် ၃ ရှိတဲ့ မီလ်တန် မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီး မုန်တိုင်းဖြတ်သွားတဲ့ လမ်းတစ်လျှောက်မှာ အပျက်အစီးတွေ များခဲ့တယ်။ ဟယ်လင်မုန်တိုင်း တိုက်ခတ်ပြီး နှစ်ပတ်တောင် မပြည့်သေးချိန်မှာ မီလ်တန်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြန်တယ်။ ရေကြီးရေလျှံလို့ အပျက်အစီးတွေ ထပ်များလာတယ်။ မီလ်တန်မုန်တိုင်းက တစ်နာရီကို မိုင် ၁၈၀ နှုန်းနဲ့ တိုက်ခတ်သွားတာ။ ကမ်းရိုးတန်းဒေသတွေမှာ ၁၈ လက်မအထိ မိုးရွာသွန်းပြီး လှိုင်းအမြင့် ၁၀ ပေအထိရှိလို့ အကြီးအကျယ် ရေနစ်မြုပ်ကုန်တယ်။

မီလ်တန်မုန်တိုင်းကြောင့် ဖလော်ရီဒါပြည်နယ် တောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ လေဆင်နှာမောင်း ၃၈ ခုထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး နေရာအတော်များများ ပျက်စီးသွားတယ်။ လူပေါင်း ၈၀,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်နေပြီး ၂၄ ဦးထက်မနည်း သေဆုံးသွားတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့ အခြေအနေ

  • ညီအစ်ကို၊ ညီအစ်မ တစ်ယောက်မှ သေဆုံးခြင်းမရှိ

  • ကြေညာသူ ၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၄ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၉,၉၄၉ ယောက် ဘေးလွတ်ရာကို ရွှေ့ပြောင်း

  • အိမ် ၁၆ လုံး လုံးဝ ပျက်စီး

  • အိမ် ၂၃၅ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁,၃၉၈ လုံး အနည်းငယ် ပျက်စီး

  • အစည်းအဝေးခန်းမ ၁ လုံး အနည်းငယ်ပျက်စီး

  • အခုလောလောဆယ် လျှပ်စစ်မီးတွေ ပြတ်တောက်နေလို့ အစည်းအဝေးခန်းမ အလုံး ၃၀ ကို အသုံးပြုလို့မရ

ကယ်ဆယ်ရေး လုပ်ငန်း

ဖလော်ရီဒါပြည်နယ်၊ ဇက်ဖာဟေးလ်မြို့က သက်ကြီးညီအစ်မရဲ့ အိမ်ခေါင်မိုးပေါ် လဲကျနေတဲ့ သစ်ပင်ကို ညီအစ်ကို၊ ညီအစ်မတွေ ရှင်လင်းပေးနေကြစဉ်

  • မီလ်တန်မုန်တိုင်း မတိုက်ခတ်ခင် နှစ်ရက်အလိုမှာ အမေရိကန် ဌာနခွဲက မုန်တိုင်းလမ်းကြောင်းမှာရှိတဲ့ အသင်းတော် ၈၀၀ ကျော်ဆီ စာတစ်စောင်ရေးပို့ခဲ့၊ ဘေးလွှတ်ရာကို ရွှေ့ပြောင်းဖို့ ရွေးချယ်သူတွေအတွက် အထောက်အကူပြုတဲ့ အချက်အလက်တွေပါရှိ

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက ဟယ်လင်မုန်တိုင်း၊ မီလ်တန်မုန်တိုင်းဘေးသင့်သူတွေကို ကျမ်းစာနဲ့ အားပေးပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေကြ

  • သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၃ ခု ဖွဲ့စည်းပြီး မုန်တိုင်းနှစ်ခု ဘေးသင့်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ

  • ဂျော်ဂျီယာနဲ့ တောင်ကယ်ရိုလိုင်းနားက ရာနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ ဘေးလွတ်ရာကို ရွှေ့ပြောင်းလာတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို နေစရာတွေပေးပြီး မေတ္တာပြနေကြ

မုန်တိုင်းနှစ်ခုကြုံခဲ့ရတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ယေဟောဝါဘုရားက ဆက်ပြီး “အကာအကွယ်” ပေးပါစေလို့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအနေနဲ့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ဟေရှာယ ၄:၆