မာတိကာဆီ ကျော်သွား

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်
အမေရိကန်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းကို ပြင်းထန်တဲ့မုန်တိုင်း တိုက်ခတ်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းကို ပြင်းထန်တဲ့မုန်တိုင်း တိုက်ခတ်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်ကစပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ဆီးနှင်းတွေ ထူထပ်စွာကျ၊ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တယ်။ မုန်တိုင်းကြောင့် ရေတွေကြီး၊ မြေတွေပြိုပြီး လျှပ်စစ်မီးတွေ ပြတ်တောက်သွားတယ်။ ထောင်နဲ့ချီတဲ့သူတွေ နေအိမ်ကနေ ထွက်ခွာကြရပြီး အနည်းဆုံး ၁၉ ယောက် သေဆုံးသွားတယ်။ တချို့ဒေသတွေမှာ မုန်တိုင်းပိုပြင်းထန်တဲ့အတွက် အဲဒီအတောအတွင်း ရွာသွန်းတဲ့ မိုးရေချိန်က တစ်နှစ်လုံးမိုးရေချိန် ပမာဏရဲ့ တစ်ဝက်ကျော်ခဲ့တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ညီအစ်ကို/မ တစ်ယောက်မှ သေဆုံးခြင်း မရှိ

  • ကြေညာသူ ၁၉၉ ယောက် ပြောင်းရွှေ့ခဲ့ရ

  • အိမ် ၄ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁၄၁ လုံး အနည်းငယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၂၃ လုံး အနည်းငယ် ပျက်စီး

  • ဘာသာပြန်ရုံးခွဲတစ်ခု အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေးလုပ်ငန်း

  • တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက မုန်တိုင်းဘေးသင့် မိသားစုတွေဆီ လည်ပတ်အားပေးပြီး လိုအပ်တဲ့ အကူအညီတွေပေး

  • အိမ် ၄၄ လုံးမှာ ပြန်နေထိုင်နိုင်ပြီဖြစ်

  • အိမ် ၁၅ လုံးကို ပြုပြင်ပေးပြီးဖြစ်

ညီအစ်ကို/မတွေ ဒုက္ခရောက်ချိန်မှာ ယေဟောဝါ နှစ်သိမ့်ပေးမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၅၀:၁၅