မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၊ ၂၀၂၀
အမေရိကန်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းမှာ တောမီးလောင်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းမှာ တောမီးလောင်

နေရာ

ကယ်လီဖိုးနီးယား မြောက်ပိုင်းနဲ့ အိုရီဂွန်

သဘာဝဘေး

  • အကြိမ် ၁၄,၀၀၀ လောက် မိုးကြိုးပစ်ခြင်း၊ တခြားအကြောင်းရင်းတွေကြောင့် တောမီးလောင်မှု ၇၀၀ ကျော် ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် ကယ်လီဖိုးနီးယား မြောက်ပိုင်းနဲ့ အိုရီဂွန်ပြည်နယ်တစ်ဝန်းမှာ မြေဧက တစ်သန်းကျော် တောမီးလောင်ကျွမ်းခဲ့

  • မီးခိုးနဲ့ ပြာမှုန့်တွေကြောင့် လေထုညစ်ညမ်းတယ်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ကမ္ဘာပေါ် လေထုအညစ်ညမ်းဆုံး ဖြစ်နေကြောင်း သြဂုတ် ၂၁ ရက်မှာ သတင်းထုတ်ပြန်

  • တောမီး ၂ ခု လောင်ကျွမ်းနေဆဲဖြစ်။ ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် ဒုတိယနဲ့ တတိယ အကြီးဆုံး မီးဘေး ဖြစ်တယ်လို့ဆို

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၉၃၇ ယောက် ဘေးကင်းရာဆီ ရွှေ့ပြောင်းခဲ့ရ

အဆောက်အအုံ ထိခိုက်ပျက်စီးမှု

  • ကြေညာသူတွေရဲ့ အိမ် ၂ လုံး ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • သဘာဝဘေး ကယ်ဆယ်ရေးကော်မတီ၊ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ ဒေသခံ အကြီးအကဲတွေက မီးဘေးသင့်သူတွေကို ကူညီပေး

ညီအစ်ကို အသင်းအပင်းရဲ့ ကူညီမှုတွေအတွက် ညီအစ်ကို/မတွေ အလွန် ကျေးဇူးတင်ကြတယ်။ “ဘာပဲ ကြုံရပါစေ၊ အဖွဲ့အစည်းက ချက်ချင်း လာကူညီတယ်။ ကျွန်တော်တို့ဟာ မိသားစုဝင်တွေပါ” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။ “ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်မှန်း” ကယ်ဆယ်ရေးလုပ်ငန်းက ဖော်ပြတယ်။—ရောမ ၈:၃၉