မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၇၊ ၂၀၂၀
အမေရိကန်

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းမှာ တောမီး လောင်ကျွမ်းဆဲ

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းမှာ တောမီး လောင်ကျွမ်းဆဲ

နေရာ

ကယ်လီဖိုးနီးယား၊ အိုရီဂွန်၊ ဝါရှင်တန်

သဘာဝဘေး

  • အရှိန်ပြင်းပြင်း ရွေ့လျားနေတဲ့ တောမီးကြောင့် ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်ပြည်နယ် နှစ်ခုကြားက မြေဟက်တာ နှစ်သန်းကျော် (ဧကငါးသန်း) လောင်ကျွမ်းခဲ့

  • တောမီးအရှိန်ကြောင့် လေထုအရည်အသွေး ကျဆင်းနေ

  • ကယ်လီဖိုးနီးယားပြည်နယ် သမိုင်းတစ်လျှောက် အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၄,၅၄၆ ဦး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရ

အဆောက်အအုံ ထိခိုက်ပျက်စီးမှု

  • အိမ် ၆၁ လုံး ဆုံးရှုံးပျက်စီး

  • အိမ် ၁၆ လုံး ထိခိုက်ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • သဘာဝဘေး ကယ်ဆယ်ရေးကော်မတီဟာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေနဲ့အတူ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်း ညီအစ်ကို/မတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ ကူညီပေးနေကြ

အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ကူညီထောက်မပေးတဲ့အတွက် ဘေးသင့် ကြေညာသူတွေ ကျေးဇူးတင်လေးမြတ်ကြတယ်။ နေအိမ် ပျက်စီးသွားတဲ့ ညီအစ်မတစ်ယောက် ဒီလိုပြောတယ်- “ဘာတွေ လိုအပ်နေမှန်း ကိုယ်တောင် မသိသေးဘူး။ ညီအစ်ကိုတွေက လိုလေသေးမရှိ ကူညီပေးကြတယ်။”

ဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေဟာ အခက်အခဲတွေ ကြုံတွေ့နေဆဲဖြစ်ပေမဲ့ ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုနဲ့ ကရုဏာကို ဆက်ခံစားနေရပါတယ်။ —ယာကုပ် ၅:၁၁