မာတိကာဆီ ကျော်သွား

သြဂုတ် ၂၀၊ ၂၀၂၀
အမေရိကန်

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းမှာ မိုးကြိုးမုန်တိုင်းကြောင့် အပျက်အစီးများပြား

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းမှာ မိုးကြိုးမုန်တိုင်းကြောင့် အပျက်အစီးများပြား

နေရာ

အမေရိကန် အနောက်အလယ်ပိုင်းဒေသ

သဘာဝဘေး

  • ၂၀၂၀၊ သြဂုတ် ၁၀ မှာ ဒယ်ရချိုလို့ ခေါ်တဲ့ မိုးကြိုးမုန်တိုင်းဟာ နိုင်ငံ့ဒေသတွေထဲ လမ်းကြောင်းတစ်ဖြောင့်တည်း အရှိန်ပြင်းပြင်း ဝင်ရောက်တိုက်ခတ်ခဲ့

  • လေပြင်းဒဏ်ကြောင့် ကောက်ပဲသီးနှံတွေ၊ အိမ်တွေ ပျက်စီးပြီး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရ

  • ကြေညာသူ ၁၈ ယောက် နေအိမ်ကနေ ရွှေ့ပြောင်းရ

အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု

  • နေအိမ် ၂၁၆ လုံး အနည်းငယ် ပျက်စီး

  • နေအိမ် ၅ လုံး အကြီးအကျယ် ပျက်စီး

  • ဝတ်ပြုရာခန်းမ ၂၄ လုံး အနည်းငယ် ပျက်စီး

ကယ်ဆယ်ရေး လုပ်ငန်း

  • ဒေသတွင်း သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီတွေက တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေနဲ့အတူ မုန်တိုင်းသင့် ညီအစ်ကို/မတွေကို ကူညီဖို့ စီစဉ်လုပ်ဆောင်နေကြ

မုန်တိုင်းသင့်ဒေသက ညီအစ်ကို/မတွေကို ယေဟောဝါ ဆက်ထောက်မပေးနေပါတယ်။ သဘာဝဘေးကြောင့် အိမ်တွေ ပျက်စီးဆုံးရှုံးသွားမှာ စိုးရိမ်စရာ မလိုတော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ဟေရှာယ ၆၅:၂၁