ဩဂုတ် ၁၄၊ ၂၀၂၀
အမေရိကန်
အမေရိကန်အရှေ့ပိုင်းမှာ ဟာရီကိန်းမုန်တိုင်း အီဆာယာ့စ် ဝင်ရောက်မွှေနှောက်သွား
နေရာ
အမေရိကန် အရှေ့ပိုင်း
သဘာဝဘေး
၂၀၂၀၊ ဩဂုတ် ၃ ရက်နေ့မှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို အဆင့် ၁ ဟာရီကိန်းမုန်တိုင်း အီဆာယာ့စ် ဝင်ရောက်တိုက်ခတ်သွား
အရှေ့ပိုင်း ကမ်းရိုးတန်းကို ဦးတည်လာပြီး လေဆင်နှာမောင်း တိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့
ညီအစ်ကို/မတွေရဲ့ အခြေအနေ
ညီအစ်မတစ်ဦး ဒဏ်ရာရ
မိသားစု ၁၂ ခု နေအိမ်ကနေ ယာယီ ရွှေ့ပြောင်းရ
အဆောက်အဦ ပျက်စီးဆုံးရှုံးမှု
ညီအစ်ကိုတွေရဲ့ နေအိမ် ၅၅ လုံး အနည်းငယ် ပျက်စီး
နေအိမ် ၅ လုံး ဆိုးရွားစွာ ပျက်စီး
ယာဉ် အတော်များများ ပျက်စီး
ဝတ်ပြုရာခန်းမ ငါးလုံး အနည်းငယ် ပျက်စီး
ကယ်ဆယ်ရေးလုပ်ငန်း
COVID-19 ကာကွယ်တားဆီးရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်း တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော်အကြီးအကဲတွေဟာ မုန်တိုင်းသင့် ညီအစ်ကို/မတွေကို ကူညီပေးဖို့ ချက်ချင်းလုပ်ဆောင်နေကြ
ဒီလိုအဖျက်စွမ်းအားကြီးတဲ့ မုန်တိုင်းသင့်ဒေသက ညီအစ်ကို/မတွေကို ယေဟောဝါ ကူညီထောက်မပေးနေလို့ ဝမ်းသာမိပါတယ်။ သဘာဝဘေးတွေကို “မကြောက်ဘဲ” အေးအေးချမ်းချမ်း နေရမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—ပညာအလိမ္မာ ၁:၃၃။