မာတိကာဆီ ကျော်သွား

နီဘရာစကာပြည်နယ်၊ အက်ရှ်လန်းမြို့က ညီအစ်ကိုတစ်ဦးရဲ့ ရေမြှုပ်နေတဲ့ အိမ်။ စေတနာ့ဝန်ထမ်းတွေ သန့်ရှင်းရေး လုပ်ပေးပြီးပါပြီ။

ဧပြီ ၁၆၊ ၂၀၁၉
အမေရိကန်

အမေရိကန်အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် အပျက်အစီး များပြား

အမေရိကန်အလယ်ပိုင်းမှာ ရေကြီးမှုကြောင့် အပျက်အစီး များပြား

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ နှင်းထု အရည်ပျော်ကျခြင်းကြောင့် ၂၀၁၉၊ မတ်လလယ်တုန်းက နီဘရာစကာနဲ့ အိုင်အိုဝါပြည်နယ်တို့မှာ ရေကြီးမှုတွေ ကြုံခဲ့ရတယ်။ အဲဒီဒေသမှာ မြစ်ရေလျှံတက်မှု စံချိန်ချိုးသွားတဲ့အတွက် ရေကာတာတွေ၊ တာရိုးတာဘောင်တွေကိုပါ ရေလွှမ်းကုန်တယ်။ အိုးအိမ် အပျက်အစီး များပြီး လူလေးဦးထက်မနည်း သေဆုံးသွားတယ်။

အဲဒီဒေသမှာရှိတဲ့ ကြေညာသူ ၅,၁၂၃ ယောက်စလုံး ဘေးကင်းလုံခြုံကြောင်း အမေရိကန်ဌာနခွဲရုံးက သတင်းပေးပို့ပါတယ်။ ကြေညာသူ ၈၄ ဦးကတော့ အိုးအိမ်စွန့်ခွာ ပြောင်းရွှေ့ကြရတယ်။ ညီအစ်ကိုတွေရဲ့ အိမ် ၈ လုံး ရစရာမရှိအောင် ပျက်စီးသွားပြီး ၃၄ လုံးကတော့ အနည်းအကျဉ်း ပျက်စီးသွားတယ်။

အနီးတဝိုက် အသင်းတော်တွေက စေတနာ့ဝန်ထမ်းတွေဟာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး လုပ်သားတွေရဲ့ အကူအညီနဲ့ သန့်ရှင်းရေး စလုပ်နေကြပါပြီ။ တိုက်နယ်ကြီးကြပ်မှူးတွေလည်း ဘေးသင့်ညီအစ်ကို/မတွေဆီ လည်ပတ်အားပေးနေကြပါတယ်။

အခုလို ဒုက္ခရောက်နေချိန်မှာ ကျမ်းစာနဲ့ ညီအစ်ကို/မတွေဆီကရတဲ့ လက်တွေ့ကျ အကူအညီတွေကြောင့် နှစ်သိမ့်မှု ရကြစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—၂ ကောရိန္သု ၁:၃၊ ၄