မာတိကာဆီ ကျော်သွား

အအေးလှိုင်း မုန်တိုင်းတွေ ကျရောက်ပြီးနောက် တက္ကဆက်ပြည်နယ်၊ မက်ကင်းနီမြို့ကို အပေါ်စီးမှ တွေ့မြင်ရပုံ

၂၀၂၁၊ မတ် ၁
အမေရိကန်

အမေရိကန် တောင်ပိုင်းမှာ ပြင်းထန်တဲ့ အအေးလှိုင်း မုန်တိုင်းတွေ ကျရောက်လို့ လူ ၇၅၀၀ ကျော် နေအိမ် စွန့်ခွာရ

အမေရိကန် တောင်ပိုင်းမှာ ပြင်းထန်တဲ့ အအေးလှိုင်း မုန်တိုင်းတွေ ကျရောက်လို့ လူ ၇၅၀၀ ကျော် နေအိမ် စွန့်ခွာရ

နေရာ

အမေရိကန် ပြည်ထောင်စု တောင်ပိုင်းဒေသ

သဘာဝဘေး

  • ၂၀၂၁၊ ဖေဖော်ဝါရီ ၁၃ ရက်က စပြီး အမေရိကန် တောင်ပိုင်းမှာ အအေးလှိုင်း မုန်တိုင်း ကျရောက်တယ်။ တက္ကဆက်ပြည်နယ်မှာ အဆိုးဆုံး ဖြစ်တယ်။ နှင်း၊ ရေခဲနဲ့ စံချိန်တင် အအေးဒဏ်ကြောင့် အိမ်တွေ၊ ရုံးတွေမှာ ရက်အတော်ကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်။ အေးခဲမှုကြောင့် ရေပိုက်တွေလည်း ပျက်စီးကုန်တယ်

ညီအစ်ကို ညီအစ်မတွေရဲ့ အခြေအနေ

  • ကြေညာသူ ၁၁ ယောက် ဆေးရုံတင်လိုက်ရ

  • ကြေညာသူ ၉၄ ယောက် အနည်းငယ် ထိခိုက်မှု ရှိခဲ့

  • ကြေညာသူ ၇၆၅၀ ပြောင်းရွှေ့ခဲ့ရ

ပစ္စည်းဥစ္စာ ဆုံးရှုံးမှု

  • နိုင်ငံတော်ခန်းမ ၁၄ လုံးနဲ့ အစည်းအဝေးပွဲခန်းမ ၁ လုံး အနည်းငယ် ပျက်စီး

  • နိုင်ငံတော်ခန်းမ ၅ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၃၂၂၄ လုံး အနည်းငယ် ပျက်စီး

  • အိမ် ၁၁၃ လုံး အကြီးအကျယ် ပျက်စီး

  • အိမ် ၁၂ လုံး လုံးဝ ပျက်စီး

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • သောက်ရေ ပို့ပေးတာ၊ အိမ်တွေကို အရေးပေါ် ပြုပြင်ပေးတာ၊ နိုင်ငံတော်ခန်းမတွေကို ပြုပြင်ပေးတာ စတဲ့ လက်တွေ့ကျ အကူအညီတွေ ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးနဲ့ အသင်းတော် အကြီးအကဲတွေက ကိုဗစ်-၁၉ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီနဲ့အတူ လုပ်ဆောင်ကြတယ်။ အိမ် စွန့်ခွာရသူတွေအတွက် ယာယီနေစရာတွေ စီစဉ်ပေးကြတယ်။ အဲဒါတွေ အားလုံးကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်။

ဆိုးဝါးတဲ့ ရာသီဥတုဒဏ် ခံနေရသူတွေကို နှစ်သိမ့်မှု ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။—၂ ကောရိန္သု ၁:၃