မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၈၊ ၂၀၂၁
အမေရိကန်

အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်းနဲ့ အရှေ့မြောက်ပိုင်းကို ဟာရီကိန်း အိုင်ဒါ ဝင်ရောက်တိုက်ခတ်သွား

အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်းနဲ့ အရှေ့မြောက်ပိုင်းကို ဟာရီကိန်း အိုင်ဒါ ဝင်ရောက်တိုက်ခတ်သွား

၂၀၂၁၊ ဩဂုတ် ၂၉ ရက်မှာ ဟာရီကိန်း အိုင်ဒါဟာ ပြင်းအားအဆင့် ၄ မုန်တိုင်းအဖြစ် လူဝီစီယားနားပြည်နယ် ဖော်ရှန်ဆိပ်ကမ်းမြို့အနီး ဝင်ရောက်တိုက်ခတ်သွားပါတယ်။ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ရေလှိုင်း မြင့်တက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှု၊ အဆောက်အဦး ပျက်စီးမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့တယ်။ စက်တင်ဘာ ၁ ရက်မှာတော့ မုန်တိုင်းလက်ကျန်အရှိန်ကြောင့် ရာသီဥတုဆိုးရွားပြီး အရှေ့မြောက်ပိုင်းမှာ ရေကြီးရေလျှံတာ၊ လေဆင်နှာမောင်း တိုက်တာတွေ ဖြစ်ခဲ့တယ်။ ဒေသတချို့မှာ လျှပ်စစ်ဓာတ်အား ပြန်ရဖို့ အပတ်နဲ့ချီ ကြာနိုင်တယ်။

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • အခုချိန်ထိတော့ ညီအစ်ကို/မတစ်ယောက်မှ သေဆုံးတာ မရှိပါဘူး

  • ညီအစ်ကိုနှစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရတယ်

  • ညီအစ်မတစ်ဦး ဘေးလွတ်ရာ ပြောင်းရွှေ့နေတုန်း ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ရတယ်

  • အိမ် ၁,၄၂၉ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီးတယ်

  • အိမ် ၁၈၃ လုံး အကြီးအကျယ် ထိခိုက်ပျက်စီးတယ်

  • အိမ် ၁၉ လုံး ရစရာမရှိအောင် ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၄၃ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီးတယ်

  • ဝတ်ပြုရာခန်းမ ၁၀ လုံး အကြီးအကျယ် ထိခိုက်ပျက်စီးတယ်

  • စည်းဝေးပွဲခန်းမ ၄ လုံး အနည်းအကျဉ်း ထိခိုက်ပျက်စီးတယ်

လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းစ်မြို့က ညီအစ်မတစ်ဦးရဲ့ မုန်တိုင်းသင့်အိမ်

ကယ်ဆယ်ရေးလုပ်ဆောင်မှု

  • မုန်တိုင်းသင့် ညီအစ်ကို/မတွေကို တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေ၊ ကယ်ဆယ်ရေးကော်မတီဝင်တွေက ကျမ်းစာနဲ့ အားပေးနှစ်သိမ့်နေကြတယ်

  • အရေးပေါ် အထောက်အပံ့ ပစ္စည်းတွေကိုလည်း ပို့ပေးနေပါတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

ကျွန်တော်တို့ ညီအစ်ကိုတွေဟာ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားကြရုံမက ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြလို့ အသက်ဘေးက လွတ်ခဲ့ကြတယ်။—ပညာအလိမ္မာ ၂၂:၃