မာတိကာဆီ ကျော်သွား

မတ် ၁၄၊ ၂၀၁၉
အမေရိကန်

အမေရိကန် အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်

အမေရိကန် အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်

အယ်လ်ဘားမား၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာပြည်နယ်တို့မှာ ၂၀၁၉၊ မတ် ၃၊ တနင်္ဂနွေနေ့တုန်းက ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၂၃ ယောက် သေဆုံးပြီး လူများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

ညီအစ်ကို/မတစ်ယောက်မှ သေဆုံးခြင်း မရှိဘူးလို့ အမေရိကန် ဌာနခွဲရုံးကနေ သတင်းရရှိပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာပြည်နယ်၊ ဖော့ဒ်ဗယ်လီမှာ လေဆင်နှာမောင်း တိုက်ခတ်စဉ် ညီအစ်မတစ်ယောက်ရဲ့အိမ် လုံးလုံး ပျက်စီးသွားပြီး ညီအစ်မ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ အနီးနား ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ညီအစ်ကို/မတွေရဲ့အိမ် ခြောက်လုံး ထိခိုက်ပျက်စီးပါတယ်။ တခြားလေးလုံးကတော့ လုံးလုံး ပျက်စီးသွားပါတယ်။ အဲဒီဒေသက တိုက်နယ်ကြီးကြပ်မှူးတွေရဲ့ ညွှန်ကြားမှုနဲ့ ကြေညာသူတွေဟာ ဘေးသင့် ညီအစ်ကို/မတွေကို အစားအစာ၊ နေစရာ၊ အဝတ်အထည်တွေ ထောက်ပံ့ပေးနေကြသလို ဒေသခံအကြီးအကဲတွေကလည်း ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။

ဘေးသင့်ဒေသက ညီအစ်ကို/မတွေ ၂၀၁၉ နှစ်ချုပ်ကျမ်းချက်၊ “မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ” ကနေ နှစ်သိမ့်မှု ရကြဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—ဟေရှာယ ၄၁:၁၀