မာတိကာဆီ ကျော်သွား

ဩဂုတ် ၂၇၊ ၂၀၂၁
အမေရိကန်

အရီဇိုးနားပြည်နယ်၊ ဟီလာဘန်မြို့မှာ ရေကြီးမှုကြောင့် အပျက်အစီး များပြား

အရီဇိုးနားပြည်နယ်၊ ဟီလာဘန်မြို့မှာ ရေကြီးမှုကြောင့် အပျက်အစီး များပြား

၂၀၂၁၊ ဩဂုတ် ၁၃ ရက် ညမှာ အရီဇိုးနားနဲ့ တက္ကဆက်အနောက်ပိုင်း ဒေသတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ရေကြီးရေလျှံ ဖြစ်ခဲ့တယ်။ ရေကြီးမှုကြောင့် အရီဇိုးနားပြည်နယ်၊ ဟီလာဘန်မြို့မှာ အပျက်အစီး များတယ်

ညီအစ်ကို/မတွေရဲ့ အခြေအနေ

  • ဝမ်းနည်းစရာက ညီအစ်မ ၁ ဦး သေဆုံးသွားတယ်

  • ညီအစ်ကိုတွေရဲ့ နေအိမ် ၅ လုံး ပျက်စီးသွားတယ်

  • မိသားစု ၃ ခု ဘေးလွတ်ရာ ရွှေ့ပြောင်းရတယ်

ကယ်ဆယ်ရေး လုပ်ဆောင်မှု

  • တိုက်နယ်ကြီးကြပ်မှူးနဲ့ ဒေသခံ အကြီးအကဲတွေက ညီအစ်ကို/မတွေကို ကျမ်းစာနဲ့ အားပေးနှစ်သိမ့်ကြတယ်။ ဘေးလွတ်ရာ ပြောင်းရွှေ့သူတွေ ယာယီနေထိုင်ဖို့ စီစဉ်ပေးကြတယ်

  • ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ကြတယ်

ရေကြီးမှုကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ဆုံးပါးသွားတဲ့ ညီအစ်မရဲ့ ကျန်ရစ်သူမိသားစုကို ယေဟောဝါ ဆက်နှစ်သိမ့်ပေးပါစေ။—၂ ကောရိန္သု ၁:၃၊ ၄