မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၆၊ ၂၀၁၈
အမေရိကန်

အလာစကာမှာ ငလျင်ကြီး လှုပ်ခတ်

အလာစကာမှာ ငလျင်ကြီး လှုပ်ခတ်

အလာစကာပြည်နယ်၊ အန်းခရိချ်မြို့စွန်နားမှာ ပြင်းအားအဆင့် ၇ ရှိတဲ့ ငလျင် ၂၀၁၈၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ လှုပ်ခတ်ခဲ့ပါတယ်။ မီဒီယာသတင်းတွေအရ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ တစ်ယောက်မှ မရှိပေမဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတယ်။

အမေရိကန်ဌာနခွဲရုံး သတင်းပေးပို့ချက်အရ ငလျင်ကြောင့် ကြေညာသူ ခုနစ်ယောက် ဒဏ်ရာအနည်းငယ် ရရှိကြတယ်။ ညီအစ်ကိုတွေရဲ့ အိမ် ၁၆ လုံး၊ နိုင်ငံတော်ခန်းမ ၂ လုံး ထိခိုက်ပျက်စီးသွားတယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ ညွှန်ကြားမှုအောက်မှာ အသင်းတော်တွေက လိုအပ်နေသူတွေအတွက် အစားအစာ၊ အဝတ်အထည်၊ သောက်ရေနဲ့ နေစရာတွေ ထောက်ပံ့ပေးနေကြပါတယ်။ ဒေသခံ အကြီးအကဲတွေကလည်း ငလျင်ဘေးသင့်သူအားလုံးကို ကျမ်းစာနဲ့ နှစ်သိမ့်ပေးနေကြပါတယ်။

ငလျင်ဘေးသင့် ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးကြပါတယ်။ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားသူတွေကို ဘုရား ခွန်အားပေးမယ်၊ သူတို့ရဲ့ ရဲတိုက် ဖြစ်မယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၂၈:၈၊ ၉