မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၁၁၊ ၂၀၁၇
အမေရိကန်

အာမာမုန်တိုင်း နောက်ဆုံးသတင်း

အာမာမုန်တိုင်း နောက်ဆုံးသတင်း

ကာရစ်ဘီယံနဲ့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းကို အာမာမုန်တိုင်း တိုက်ခတ်ပြီးနောက် ညီအစ်ကို/မတွေရဲ့ အခြေအနေအကြောင်း သတင်းအချက်အလက်တွေ ရရှိနေပါပြီ။

ဝမ်းနည်းစရာက ဘေးကင်းရာကို ပြောင်းရွှေ့နေချိန်မှာ ဖလော်ရီဒါက သက်ကြီးရွယ်အို ညီအစ်ကိုတစ်ယောက်နဲ့ ဂျော်ဂျီယာက ညီအစ်မတစ်ယောက် သေဆုံးသွားပါတယ်။ ဒါ့အပြင် ဗြိတိန် ဗာဂျင်ကျွန်းစုက အကြီးဆုံးကျွန်းဖြစ်တဲ့ တော်တိုလာကျွန်းမှာ ညီအစ်ကိုနှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ကာရစ်ဘီယံတစ်လျှောက်မှာ အိမ် ၄၀ ကျော် ပျက်စီးသွားပြီး ညီအစ်ကို/မ ၄၀ ခန့်ဟာ ဘေးကင်းရာကို ရွှေ့ပြောင်းခဲ့ကြရတယ်။ မုန်တိုင်းသင့်ဒေသကို ညီအစ်ကိုတွေ သွားနေကြပြီး အချက်အလက်တွေ ရယူနေကြပါတယ်။

ချစ်ရတဲ့သူတွေ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေနဲ့ မုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် ကျွန်တော်တို့ စိတ်မကောင်း ဖြစ်ရပါတယ်။ အသင်းတော်ကနေတစ်ဆင့် ယေဟောဝါဘုရား ပြင်ဆင်ပေးတဲ့ နှစ်သိမ့်မှုကို ကျွန်တော်တို့ ဆက်အားထားနေကြပါတယ်။​—၁ သက်သာလောနိတ် ၃:၇

Media Contact:

David A. Semonian, Office of Public Information, +1-845-524-3000